Part.3
1.5K 83 4
Fortune do it (or) ကံကြမ္မာစီစဉ်လေသလား
Part.3
'ခွလမ်......ခွလမ်.......ဒုန်း......ဒုန်း'
'ဟင်.....ပိုက်ဆံက မရှိပါဘူးဆို
အဲ့အရည်ဘဲသောက်နေတယ်
သောက်သောက် သေမှာလေ သေလည်းအေးတာဘဲ
တစ်နေ့တစ်နေ့ ပင်ပန်းလို့ဆိုပြီးတော့ သောက်နေတာလေ
ပင်ပန်းရအောင်လည်း ဘာတွေများ လုပ်နေရလို့လဲ ရလာတာက
သုံးလေးထောင်ရယ် သူ့အရက်ဖိုးချည်းကုန်နေတာ'
ကြားနေကျအသံဆိုပေမယ့် ဒီနေ့ ပိုစိတ်ညစ်မိသည်။ဆရာမက ဆရာကန်တော့ဖို့ ၁၀၀၀တောင်းခိုင်းလိုက်တယ်မလား။လူတိုင်းတစ်ထောင်စီထည့်ရသည်။ သူဘဲကျန်နေတာမလား။မတောင်းလို့မှမရတာ
'မေမေ'
'ဘာလဲပြော'
'ဟိုလေ ကျောင်းကဆရာကန်တော့ဖို့အတွက် တစ်‌ယောက်ကို ၁၀၀၀ဆီ ထည့်ရတယ်မေမေ'
'ဘာ၁၀၀၀ တောင် အမလေးနော်ကန်တော့တာဘဲ လက်အုပ်ချီကန့်တော့ပေါ့'
'ဆရာမက အတင်‌‌တော့ မတောင်းပါဘူး မေမေ ဒါပေမယ့်အတန်းထဲက လူတွေက'
Flash black'ဟိတ်ကောင် ကြမ္မာ မင်း ပိုက်ဆံမပေးရသးဘူးနော်'
'ငါ့မှာက.......'
'ဘာမှ ငါ့မှာက လုပ်မနေနဲ့ ဆရာမက မပြောပေမယ့် ငါတို့နေနေတာကBခန်းလေ '
'ဟုတ်တယ် ..မင်းမထည့်ရင် ငါတို့အတန်းနာမည်ပျက်တယ်'
'မင်းမထည့်ရင် နောက်ဆုံးအတန်းသွားကွာ ငါတို့ အတန်းမှာမနေနဲ့'ဒီBခန်းက ဆရာမက သူဉာဏ်ကာင်းလို့ ထားပေးခြင်းသာြဖစ်သည်။
ဒီအတန်းမှာ အများစုက ချမ်းသာကြသည်။ ကျန်တဲ့ သူတွေကတော့ ပိုက်ဆံတတ်နိုင်သူတွေများတယ်။အဲ့အတွက်ကြောင့်ပေါ့ကျွန်တော် ကျောင်းမသွားချင်ဘူး။ကျွန်တော် မုန်းတယ်။
ဖေဖေ့ကို မုန်းတယ်။ညဘက်ဆို မူးရူးပြီး တဒုန်းဒုန်း လုပ်တတ်တဲံ့ ဖေဖေ့ကိုကျွန်တော် မုန်းတယ်။
မေမေ့ကို မုန်းတယ်။မနက်ဆို ငွေမရှိကြောင်းကို တိုင်တန်းကာ အော်ဟစ်နေတတ်တဲ့ မေမေ့ကိုကျွန်တော် မုန်းတယ်။
ဒီဘဝမှာ နေနေရတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပိုမုန်းတယ်။
Part.3
အဲ့အရည်ဘဲသောက်နေတယ်
'မေမေ'
'ဘာလဲပြော'
'ငါ့မှာက.......'
ဒီဘဝမှာ နေနေရတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပိုမုန်းတယ်ျ
Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Donde viven las historias. Descúbrelo ahora