Untitled Part 2

1.9K 101 12
                                    


Part.2

'ဟိုမှာ ကြည့်ပါအုန်း သူ့ဆီက နံစော်နေတာဘဲ သူ့နားမကပ်ကြပါနဲ့'

'သွား ငါတို့နဲ့ လာမကစားနဲ့'

'မင်းမှာ အဲ့လိုအရုပ်ရှိလို့လား'

'င့ါအရုပ်ကိုမကိုင်နဲ့'

'ငါ့ဟာကျိုးသွားရင်မင်းလျော်နိူင်လို့လား'

'မင်းအင်္ကျီကြီးကလည်းကွာ စုတ်ပြတ်နေတာဘဲ'

'ငါ့နားမကပ်နဲ့ မင်းဆီက အနံတွေကပ်ကုန်ရင် မင်းပြန်‌လျှော်ပေးမှာလား'

'ဟိတ်ကောင်တွေ သူ့ကိုမခေါ်နဲ့ကြားလား'

သူ့လို အင်္ကျီအသစ်မဝတ်နိုင်တဲ့သူ၊ အရုပ်နဲ့မဆော့နိုင်တဲ့သူ၊ နံစော်နေတဲ့ သူ့အနားကို မလာချင်ကြဘူး။ သူနဲ့မဆော့ချင်ကြဘူး။ မထိုင်ချင်ကြ။

သူ့ကို ဖယ်ကြဉ်ထားကြတယ်။

သူ့မှာအဖော်မရှိ စကားပြောစရာလူမရှိ။

သူကျောင်းမတက်ချင်ဘူး။

'ကြမ္မာ နင့်စာအုပ်ဘယ်မှာလဲ

အခုထုပ်စမ်း

စည်းကမ်းမရှိဘူး

စာလည်းလိုက်မလုပ်ဘူး

ခုံပေါ်တက်'

ဆရာမက သူ့ကိုစာအုပ်မဝယ်နိုင်မှန်းမသိဘဲနဲ့ ကြိမ်လုံးကြီးနဲ့ ငါးကြိမ်တိတိရိုက်ခဲ့တယ်။

ဘေးကသူတွေဆီက လှောင်ပြောင်နေတဲ့ ရီသံတွေ လှောင်ပြောင်နေတဲ့ မျက်နှာတွေ သူမမြင်ချင်ဘူး။ ဒါပေမယ့် သူမြင်နေရတယ်။

သူနေတာ ကျေးလက်တောရွာမှာမဟုတ်။

တိုင်းဒေသကြီးတစ်ခုရဲ့ နယ်စွန်နယ်ဖျားမှာမဟုတ်။

ဝေလံခေါင်းပါးတဲ့ တောင်ပေါ်‌‌ဒေသမှာလည်းမဟုတ်။

စီးပွားရေးရဲ့ အချက်အချာကျတဲ့ စီကားလှတဲ့ လူနေထူထပ်တဲ့ အဓိကမြို့တော် ရန်ကုန်မှာပါဘဲ။

ရန်ကုန်ဆိုလို့ အထင်မကြီးပါနဲ့

ရန်ကုန်မြို့ရဲ့ ခြောက်ကပ် စုတ်ပြတ်နေတဲံ့ လူဆင်းရဲတွေနေတဲ့ ညစ်ပတ်နေတဲ့ တန်းလျားလေးမှာပါ။

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now