Part.22

765 52 7
                                    

Part.22

'မတ်စတင်သွားမယ်'

'ဟုတ်ကဲ့'
မင်းကို ငါ့အလုပ်တွေ အကြောင်းမသိစေချင်ဘူးကွာ

ထက်သာ သိချင်တယ် သူဘာအလုပ်တွေ လုပ်နေမလဲ ဆိုတာလေ အဲ့တာကြောင့် ဟိုတစ်ခေါက်ကလိုဘဲ နောက်ဖုံးထဲကနေ လိုက်လာခဲ့ပြန်တယ်
ထက်သာ ထင်သလို မဖြစ်ပါစေနဲ့
သူဟာ လမ်းမှားရောက်နေတဲ့ သူတစ်ယောက်မဖြစ်ပါစေနဲ့

'သခင် ဂိုဏ်းချုပ်ဆီဘဲ တန်းမောင်းရမလား'

'မောင်းလိုက် ပြီးမှ ပစ္စည်းသွားယူမယ်'

'ဟုတ်ကဲ့'

ကားနောက်ဖုံးထဲမှာ အသံမထွက်အောင်နေရတာက သိပ်တော့ အဆင်မပြေလှပေ

ဒါပေမယ့် မကြာခင်မှာဘဲ ကားလေးဟာ ခြံဝန်းထဲ ဝင်သွားတာတော့ သိလိုက်တယ် သူတို့ပြောနေတာတွေတော့ သိနေပေမယ့် သေချာတော့ မကြားရ

'ကျွီ'

'ဆရာအထဲမှာ ရှိလား'

'ဟုတ် သခင့်ကို စောင့်နေပါတယ်'

ဒီကို သူ မရောက်တာဖြစ်တာအတော်တောင် ကြာနေပြီဘဲ သူ့ကိုကယ်တင်ခဲ့တယ်ဘဲ ပြောရမလား
အမှောင်ထဲဘဲ ဆွဲသွင်းခဲ့တယ်လို့ ပြောရမလား မသိတော့ပေ
ဒါပေမယ့် သူခုလို ကောင်းမွန်စွာနေနိုင်တာ ဆရာ့ကြောင့်မဟုတ်လား

' လူလေး လာ'

'ဟုတ် ဆရာ'

'အလုပ်တွေ အဆင်ပြေလား လူလေး'
ဧည်ခန်းကျယ်ကြီး တစ်ခုထဲမှာ ထိုင်ကာ သူ့ကို အနားကိုလာဖို့ လက်ယက်ခေါ်နေတဲ့ ဆရာ့ အနားကို သူခပ်မြန်မြန်လေးဘဲ သွားလိုက်တယ်

'ဆရာက လူလေးကို အနားခေါ်ထားချင်တာ'
မတွေ့တာ သုံးလေးနှစ် ကြာသွားတာနဲ့ အတူ ဖျော့တော့ သွားတဲ့ ဆရာ့ကို ကြည့်ပြီး သူ စိတ်ထဲ မကောင်းမိပေ

'ကိုကြီး.... ကိုငယ်တို့ရော'

'ဆရာ့အနားမှာ မရှိဘူးလားဆရာ'

'လူလေး ဆရာ့ကို မုန်းသွားပြီလား'

'ကျွန်တော် မမုန်းပါဘူးဆရာ ကျွန်တော် နားလည်ပါတယ်ဆရာ '

'အဲ့တုန်းက ဆရာ သေချာမတောင်းပန်ခဲ့မိဘူး ဆရာ့ သားတွေအတွက် ဆရာ စိတ်မကောင်းပါဘူး '

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now