Untitled Part 7

1.2K 71 4
                                    

Part.7

ကျွန်တော်တို့ အိမ်က တန်းလျားဆိုပေမယ့် တခြားအိမ်တွေနဲ့ ခပ်လှမ်းလှမ်းမှာပါ။ ဖေဖေနဲ့ မေမေက ပတ်ဝန်းကျင်နဲ့ မရောကြဘူး။ ပတ်ဝန်းကျင်ကလဲ ကျွန်တော်တို့ကို ရင်းနှီးမှဒမပြုကြဘူး။ တစ်ခါဆို အဒေါ်ကြီးတစ်ယောက်က ကျွန်တော်ကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာ။

အဲ့တာကြောင့် ကျွန်တော့်မှာ ရင်ဖွင့်စရာ ဆွေမျိုးမရှိ၊ အကိုတွေ၊ အမတွေ မရှိ၊ သူငယ်ချင်းတွေလည်းမရှိဘူးပေါ့

ကျွန်တော့်ဘဝမှာ ကျွန်တော် တစ်ယောက်ထဲပေါ့။

ကျွန်တော့် ဘဝက အထီးကျန်တယ်။ ကျွန်တော့်ကို ဘာလို့များမွေးဖွားလာခဲ့တာလဲ။

ဒီလို နှိပ်စက်နေမယ့် အစား အသေသာသတ်လိုက် ပါတော့လား။

တစ်နေ့တစ်နေ့ ကျွန်တော့် စိတ်ဒဏ်ရာတွေဟာ ပိုစိုးလို့သာ နေတော့တယ်။

တဖြည်းဖြည်းနဲ့ တစ်ယောက်ထဲသာ နေတတ်လာတယ်။

ဘယ်သူနဲ့မှလည်း စကားမပြောချင်တော့ဘူး။

တစ်ခါတစ်လေတော့ ဖေဖေနဲ့ မေမေက ကျွန်‌တော့်ကို ချစ်ကြပါတယ်။

တစ်ခါတစ်လေ မေမေက ဟင်းကောင်းတွေ ချက်ကျွေးတယ်။

ဘေးနားမှာနေကာ သားလေးစားနော်ဟုဆိုကာ ကျွေးတတ်ပြန်သည်။

ဖေဖေကလဲ စိတ်ကူးပေါက်ရင် စာအုပ်လေးတွေ ဝယ်ပေးတတ်တယ်။

တစ်ခါတစ်လေ သား‌လေးဘာလိုလဲလို့ မေးတတ်သည်။

အဲ့လိုအချိန်ဆို ကျွန်တော် အရမ်းပျော်တာဘဲ။

အဲ့လိုန့ရက်များသာ နေ့တိုင်းဆိုရင်........

ဒါပေမယ့်လည်း ခနပါဘဲ

မနက်ဆို အမေက ဆူဆဲ

ညဆို အဖေကမူး

ကျွန်တော်သာ အသက်တွေ ကြီးလာတယ်

အိမ်ကတော့ အရင်အတိုင်းဘဲ

တဖြည်းဖြည်းနဲ့ အသက်ကြီးလာတော့

အဖော်မရှိတဲ့ ကျောင်းမတက်ချင်တော့ဘူး

အမြဲစိတ်ဒုက္ခပေးနေတဲ့ အိမ်မှာမနေချင်တော့ဘူး

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now