Part.12

1.1K 69 0
                                    

Part.12

Fortune  do it <or> ကံကြမ္မာစီစဉ်လေသလား

ဟုတ်ပါတယ် အဲ့တာ သူပါ

ထက်သာ ရေရွတ်ရင်း ကုတင်ဘေးမှာ ဝင်ထိုင် လိုက်တယ်

သိတာပေါ့ ထက်သာ သူ့ကို သိပ်သိတာပေါ့

မြင့်မိုရ်ထက်သာ ဆိုတဲ့ ကျွန်မက သူ့ကို ငေးကြည့်ခဲ့ရဘူးတယ်

ထက်သာ ကလေးပေါက်စန အရွယ်ကပေါ့
သူကထက်သာထက် နည်းနည်းကြီးတယ်

ထက်သာ ၅တန်းနှစ်ကမှ သူက ၆တန်းလေ

ထက်သာလို ခပ်ဆိုးဆိုး ဂျစ်တစ်တစ် ကောင်မလေးက သူလို
ခပ်တည်တည်နဲ့ တစ်ယောက်တည်း ချောင်မှာ ကပ်နေတတ်တဲ့သူ့ကို ကြိတ်ကြွေခဲ့ရတာလေ

ထက်သာ စုံစမ်းရသလောက်ကတော့ သူက ဆင်းရဲတယ်တဲ့ ဘယ်သူ့ကိုမှလဲ အပေါင်းသင်းမလုပ်ဘူးတဲ့ ။ တစ်ယောက်ထဲငေးငိုင်နေတတ်တယ်။

ပြောရမယ်ဆိုရင်တော့ ထက်သာရဲ့ crushကြီးပေါ့။ ထက်သာလို သိပ်မလိမ္မာတဲ့ ကောင်မလေးက သူလို အလိမ္မာတုံးလေးကို ချစ်ခဲ့ရတာလေ။ ထက်သာ ငယ်ငယ် ကတည်းက သူ့ကို လိုက်ကြည့်နေခဲ့တာ သူ့မျက်နှာလေး နည်းနည်းငြိုးနေရင် ထက်သာလည်း သူလိုလိုက်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ထက်သာ သူ့ကို ကျောင်းမှာ သွားသွားချောင်းတာ ထက်သာ သူငယ်ချင်းတွေ အသိဆုံးပါ။ သူ့ဘေးနားမှာ နေပြီး သူ့ကို အားပေးချင်တဲ့ စိတ်က ငယ်ငယ်ကတည်းက ရင်ထဲမှာ အမြှစ်တွယ်နေခဲ့တာလေ ။

တကယ်တော့ ထက်သာက နည်းနည်းဆိုးတယ်။ ထက်သာဖေဖေက ဆေးရုံအုပ်လေ ပြီးတော့ မေမေကလည်း အရမ်းချမ်းသာပြီး အလိုလိုက်လွန်းတော့ ထက်သာက အရမ်းဆိုးနေတာပေါ့။ ထက်သာ ကျောင်းမသွားချင်ဘူး ဆိုးတယ်လေ။ ဒါပေမယ့် သူ့ကို တွေ့ပြီးတဲ့ နောက်ပိုင်း ကျောင်းကကို မပြန်ချင်တော့တာလေ။ ဆရာမတွေဆို အံသြလွန်းလို့လေ။ နောက်ကျတော့ သူကကျောင်းထွက်သွားတယ်။ သူကျောင်းမလာတော့ဘူး။ ထက်သာ သူ့ကို ဘယ်လောက်စောင့်စောင့် သူ့ကို ထပ်မတွေ့ရတော့ဘူး။ သူ့ကိုပြန်မတွေ့ခဲ့ရဘူး။ သူ့ကို ထက်သာ ရင်ထဲမှာ အမြစ်တွယ်နေတာ ဆယ်စုနှစ်ကျော်လာခဲ့ပြီ။

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Where stories live. Discover now