Part 4

1.3K 85 2
                                    

Part.4

ဒီနေ့က ကျွန်တော် ၁၀နှစ်ပြည့်တဲ့ ကျွန်တော်တော့်ရဲ့  မွေးနေ့ပေါ့ 

တနည်းအားဖြင့်  ကံဆိုးမှုတွေထဲကို ခေါ်ဆောင်လာတဲ့ ကျွန်တော့်ကို မွေးဖွားတဲ့ နေ့ပေါ့။

သူများတွေအတွက်တော့ မွေးနေ့ဆိုတာ မွေးနေ့ကိတ်ကြီးနဲ့ မွေးနေ့ လက်ဆောင်တွေနဲ့ လူတွေ

အထူးသဖြင့် မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ပေါ့။

ဟွန်း ကျွန်တော့် မွေးနေ့ကတော့ 

ခေါင်းအုံးလေးသာ သိပါလိမ့်မယ်။

ကျွန်တော့် မွေးနေ့ ဘယ်လောက်ပျော်ဖို့ကောင်းကြောင်းကိုပေါ့

စိုစွတ်နေတဲ့ ခေါင်းအုံးလေးရယ်

မူးရူးသောင်းကျန်းပြီး အိပ်ပျော်နေတဲ့ အဖေရယ် 

ပြန်မလာသေးတဲ့အမေရယ်နဲ့အတူ

ဝိုင်းစက်နေတဲ့ လမင်းကြီးက ကျွန်တော့်ကို လှောင်ရယ်နေတယ်။

ကျွန်တော် ခုဆို ငါးတန်းကျောင်းသားတစ်‌‌ယောက် ညနေဆိုရင်ကျွန်တော် ရန်ကုန်ကားလမ်းမပေါ်မှာ ပြေးလွှားကာ ပန်းရောင်းနေပြီ။

မနေ့ကတောင် ကားတိုက်မလို ဖြစ်သေးတယ်။မီးနီမိနေတုန်း ကားတစ်စီးက ပန်းဝယ်ဖို့ခေါ်တာနဲ့ အပြေးသွားလိုက်တာ  မီးစိမ်းသွားတာ တော်သေးတာပေါ့ 

မတိုက်မိလို့ တိုက်သာတိုက်မိလို့ကတော့ မတွေးရဲစရာဘဲ ဟိုက အရှိန်နှေးလို့သာပေါ့ ဒါပေမယ့် အရှိန်ကြောင့် လဲကျသွားတာ ခြေထောက်တွေ ပွန်းကာ ခြောက်ထောက်မှာ အသားတွေလန်ပေမယ့်

အတင်းကုန်းရုံးထကာ ပန်း‌ရအောင် ရောင်းခဲ့ရသည်။ ပန်းက မမြတ်ရင်တောင် မရှုံးအောင်ရောင်ရမည် မဟုတ်လား။ 

ဒါပေမယ့် ကျွန်တော်က အရမ်းငယ်တော့ အကြီးတွေက ဝယ်သူလုကြတယ်။ ပန်း‌ေရောင်းတဲ့ကလေးတွေကလည်းအများကြီးလေ။ မရှုံးအောင်တောင် မနည်းရောင်းရတယ်။ 

'ဟိတ်ကောင် ကြမ္မာ'

'မင်းပွဲစျေး မသွားဘူးလား'

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now