Part _ 1

20K 782 31
                                    

ရန်ကုန်မြို့ပြရဲ့ တစ်ခုသောညနေခင်းအချိန်အခါ လမ်းမီးရောင်စုံ‌အောက်မှာ အရောင်အသွေးစုံလင်လှသော လူသားတို့သည်လည်း မိမိတို့ကိုယ်စီဦးတည်ရာသို့ သွားလာလှုပ်ရှားကြလျက်။

ရုံးဆင်းချိန်လည်း ဖြစ်သည်မို့ မှတ်တိုင်မှာ လူအများအပြား စုရုံးနေကြသည့်အပြင် YBSတွေတစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသံ၊ ယခုအချိန်အထိရှိနေသေးသော တစ်ချို့ယာဉ်လိုင်းတွေဆီက စပယ်ယာတို့၏ လူခေါ်သံများဖြင့် သက်ဝင်လှုပ်ရှားနေသည်။

အနက်ရောင် Beanie လေးကိုဆောင်းထားကာ ကျောပိုးအိတ်နက်ပြာလေးကို တစ်ဖက်ပဲလွယ်ထားပြီး နားကြပ်တစ်ဖက်ကိုနားမှာတပ်ထားသည့် ကောင်လေးတစ်ယောက်သည် တော်တော်နှင့်ရောက်မလာသည့် Busအား မေတ္တာပို့နေမိသည်။

"ကျစ် ဒီကားကအမြဲတမ်းပဲကွာ အိမ်ရောက်ရင် စာရေးစရာရှိပါတယ်ဆိုမှပဲ"

ခပ်တိုးတိုးရေရွတ်လိုက်တာဖြစ်သော်လည်း ဘေးနားက သူ့ထက် ခေါင်းတစ်လုံးခန့်မြင့်သော အရပ်နှင့် လူတစ်ယောက်က သူ့ကိုလှည့်ကြည့်လာသည်မို့ ဘာရယ်မဟုတ် သွားဖြီးပြလိုက်မိသည်။

ထိုလူကလည်း ပြန်ပြုံးပြပြီး သူ့ဖုန်းကိုသူပြန်ကြည့်နေလေသည်။

ထိုစဉ်မျှော်လင့်နေသည့် ပေါ်တော်မူ YBS-97ဟာ တည့်တည့်ကြီးဆိုက်ရောက်လာတာမို့ သူလည်း တက်လိုက်တော့သည်။ ကားကလူအတော်ကြပ်နေပေမယ့် မတတ်နိုင် ဒီကားမှမစီးရင် သူဒီညအိမ်မရောက်ရုံသာရှိတော့သည်။ တစ်ခြားကားတွေကပိုကြပ်‌သည်လေ။ ထို့ပြင် ၉၇က တော်ရုံတန်ရုံလူသန့်တာကြောင့် ဒီကားပဲစီးဖြစ်သည်။

"မိန်းကလေးတွေရှေ့ကတက်ပါ ညီလေးတို့အကိုကြီးတို့ကတော့ နောက်ကနေတက်ပေးပါနော် ပိုက်ဆံလေးတွေရှေ့ပေးခဲ့ပါ လူကြပ်တဲ့အချိန်ဆ်ုတော့သည်းခံပေးပါဗျို့ ဆင်းရင်လည်း အကြာကြီးရပ်ပေးပါ့မယ်နော်"

Driver ခမျာလည်းမသက်သာ ကားကကြပ်နေသည်မို့ မနားတမ်းအော်နေရသည်။

သူလည်း ၂၀၀တန်လေးထည့်ပြီး အရှေ့ကတက်မယ်လုပ်ပြီးမှ ပြန်ဆင်းကာ အနောက်သို့သွားရသည်။ အထူးအဆန်းတော့မဟုတ် အမြဲလိုလိုကြုံနေရသည်ပဲလေ။

Love is YOU (Uni+ZG)Where stories live. Discover now