Part_6

4.2K 493 14
                                    

နောက်တစ်နေ့ရုံးသွားတော့လည်း သူ့မှာအရင်နေ့တွေလို တက်ကြွမနေခဲ့။

၂ရက်ရှိပြီ... လူကြီးနဲ့ အဆက်အသွယ်မလုပ်ရတာ။ လိုင်းတက်လာလားဆိုတာ ခဏတိုင်း ဝင်ကြည့်မိပေမယ့် စာတော့မပို့ဖြစ်။
သူ့အကျင့်နဲ့ဆို အရှည်ကြီးတွေမေးမိပြောမိတော့မှာလေ။  လူကြီးစိတ်အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့် မပို့ပဲနေနေခဲ့သည်။

အမြဲတမ်းလန်းဆန်းကာ ဖလန်းဖလန်းဖြစ်နေတတ်သူမို့ ငြိမ်နေ‌တဲ့အခါ အကုန်လုံးက တန်းသတိထားမိကြသည်။

"ငါတို့မောင်လေးကို ခုလိုရုပ်ဖြစ်အောင်ဘယ်သူလုပ်လိုက်တာလဲပြော"

"အနာက ပြန်ဖြစ်နေလို့လား သက်သာသွားပြီမဟုတ်ဘူးလား"

"မဟုတ်ပါဘူး အမတို့ရာ စိတ်နေမကောင်းဖြစ်နေတာ မနေ့က လတ်စသတ်စရာရှိတာလေး ဆက်လုပ်လိုက်ဦးမယ် စိတ်မပူကြပါနဲ့"

ပြောပြောဆိုဆိုနဲ့ ကွန်ပျူတာခေါင်းစိုက်လိုက်တော့ အမတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသူတို့နေရာဆီပြန်သွားကြလေသည်။

ထိုစဉ် messanger ကနေ စာဝင်လာသံကြားတာကြောင့် လူကြီးများလားဟု မျှော်လင့်ချက်နဲ့ ဝင်ကြည့်လိုက်သော်လည်း သူ့သူငယ်ချင်းထံမှဖြစ်နေသည်။

--ဟဲ့ မိုးသား ဒီည နင့် rooftopမှာ ဆုံကြမယ် ငါတို့လာခဲ့မယ် စားစရာတွေလည်းဝယ်လာမယ် ကြားလား

--ok လာခဲ့ကြ

သူ့မှာက အသိမိတ်ဆွေပေါများပေမယ့် သွားအတူလာအတူစားအတူကတော့ သုံးယောက်သာရှိသည်။ ကောင်မလေးနှစ်ယောက်နဲ့ ကောင်လေးတစ်ယောက်။

သက်နှင်းနဲ့ ဖူးပွင့်ရယ် ကိုကောင်းပြည့်ရယ်ဖြစ်သည်။

ဆယ်တန်း‌ေဖြပြီးထဲက အဒေါ့်ကို သူ့အတွက် ဝန်မပိုစေချင်တော့၍ ရန်ကုန်သို့တက်လာကာ အဆောင်မှာနေပြီး အလုပ်မျိုးစုံလုပ်ခဲ့ချိန်မှာ ကိုကောင်းပြည့်နဲ့စ‌ေတွ့တာဖြစ်သည်။

ကို‌ေကာင်းက 1st yr နှစ်ကျမို့ သူအဝေးသင်စတက်ဖို့လိုတာမှန်သမျှ ကူညီပေးရင်း အဲ့ထဲက ခင်လာခဲ့ကြခြင်း။

Love is YOU (Uni+ZG)Where stories live. Discover now