Part_31

3K 356 31
                                    

"အဲ့ဒီတော့ မင်း ဘယ်လိုလုပ်ဖို့စဉ်းစားလဲ သွားမှာလား မသွားဘူးလား"

သူငယ်ချင်းတွေ Bar မှာဆုံကြရင်း သူဂျပန်သွားရမည့်ကိစ္စကို ‌ဆွေးနွှေးနေကြခြင်း။

"အင်း ခုပုံစံအတ်ုင်းက ငြင်းလို့လည်းမဖြစ်တဲ့အခြေအနေ မေမေ့ကတော့ အစထဲက ငါ့ကိုဒီလိုဆက်တက်စေချင်နေတာဆိုတော့ သွားစေချင်ပြီးသားပဲ"

"အေးပေါ့ အန်တီက မင်းကိုဖိအားသာမပေးခဲ့တာ သူလည်း မင်းကိုဖြစ်စေချင်တာပေါ့ ဒါနဲ့ မင်းသွားရင် အန်တီကဘယ်သူတွေနဲ့နေခဲ့မှာလဲ"

"အိမ်က အိမ်ထိန်းအဒေါ်တို့လင်မယားနဲ့ပဲပေါ့ ပြီးတော့ မေမေ့ညီမရဲ့သမီး ငါ့ညီမပေါ့ကွာ သူကလည်း မေမေ့ရဲ့ လူယုံလိုပဲ မေမေ့လုပ်ငန်းတွေကို သင်ရင်း ဘေးနားအမြဲတူတူရှိနေတော့ စိတ်ချရတယ်လေ"

"အင်းလေ ငါတို့လည်း ရှိနေတာပဲ အန်တီ့အတွက်တော့ နင်အရမ်းကြီးစိတ်ပူစရာတော့မရှိပါဘူး ဒါဆို မိုးသားကို ပြောဖို့ပဲကျန်တာပေါ့"

စံထားရဲ့အပြောကို သူခေါင်းငြိမ့်ပြရင်း_

"ဟုတ်တယ် ငါ ညီ့ကိုပြောဖို့ပဲရှိတော့တာ သူသိရင်လည်း ကန့်ကွက်မှာမဟုတ်ဘူးဆိုတာ သိပေမယ့် ငါကိုကပြောမထွက်သေးဘူးဖြစ်နေတာကွာ မင်းတို့ နားလည်မလားမသိဘူး"

"နားလည်ပါတယ်ကွာ ၂နှစ်တောင်‌ဆိုတော့လည်း"

"အင်း ညီ့ကိုစိတ်မချတာလည်းမဟုတ် မယုံကြည်တာလည်းမဟုတ်ဘူး ငါမရှိလည်း သူကောင်းကောင်းရပ်တည်နေမယ်ဆိုတာသိတယ် အရင်ထဲက ဒီလိုပဲနေလာတဲ့ကလေးဆိုတော့ အရာရာစိတ်ချရပြီးသားပါ ငါဖြစ်နေတာတစ်ခုပဲ သူ့ကိုခွဲပြီးမသွားချင်တာ သူခံစားရမှာကိုလည်း မလိုချင်ဘူး"

"ထင်သာရယ် နင့်အဖြစ်လည်း မလွယ်ပါလား ငါနားလည်ပါတယ်ဟာ ပြီးတော့ နင့်ကို တကယ်လည်း အံ့ဩမိတယ်သိလား ငါတို့နဲ့သိလာသမျှ ကာလတစ်လျှောက်လုံး တည်တည်ကြည်ကြည်ပဲ ကိုယ့်အလုပ်ကလွဲကျန်တာမသိခဲ့တဲ့သူက ဒီကောင်လေးနဲ့မှ တခြားလူတစ်ယောက်လိုကိုဖြစ်သွားတာ နင့်ကို ခုလိုချစ်တတ်လိမ့်မယ်လို့ ငါတကယ်ကိုထင်မထားတာပါဆို"

Love is YOU (Uni+ZG)Where stories live. Discover now