Part_20

4.2K 418 38
                                    

"ညီ ဂရုစိုက်နေနော် ကိုယ်မရှိတဲ့အချိန်"

လူကြီးက ဆေးခန်းသွားရန် ပြင်ဆင်နေရင်း လှမ်းပြောသည်။

"ဟုတ်ကဲ့ပါအကို ဒါနဲ့ ကျွန်တော်ချုပ်ရိုးဖြည်ဖို့က လိုသေးတာ အကိုဒီမှာပဲ‌ေ‌နနေလို့ ရပါ့မလား အိမ်က ဘာမှမပြောဘူးလား"

"ရတယ် ညီရဲ့ ခရီးထွက်ရင်လည်း ဒီလိုပဲကို"

"ဒါပေမယ့်လည်း ခရီးထွက်တာက ရက်ပ်ုင်းပဲလေ အခုဟာက ကြာမှာဆိုတော့ တာမွေနဲ့ ဒီနဲ့ဝေးမှမဝေးတာ အကိုအိမ်ကိုလည်း ပြန်လိုက်ပါဦး"

"ကိုယ်ခုလိုလာနေပေးတာ ညီ့အတွက်အဆင်မပြေ‌လို့လား"

လူကြီးက ထိုသို့မေးလာတော့ သူ့မှာ ပျာပျာသလဲ ငြင်းရသည်။

"အာ မဟုတ်တာ မဟုတ်ဘူးနော် ကျွန်တော်က အကို့အတွက်ပြောတာပါ အကို့မိဘတွေ ကျွန်တော်တို့အကြောင်း သိသွားရင် ဘယ်လိုလုပ်မလဲ"

"စိုးရိမ်တတ်လိုက်တာညီရယ် သိမှာမဟုတ်ပါဘူး သိသွားခဲ့ရင်လည်း ညီ့ရှေ့ကနေ ကိုယ်တစ်ယောက်လုံး ရပ်တည်ပေးမှာပါ ညီဘာမှကြောက်စရာမလိုဘူးနော်"

"ဟုတ်တယ် အကိုနဲ့မှ ကျွန်တော်ခုလိုတွေ တွေးပူ‌တတ်၊ ကြိုစိုးရိမ်တတ်လာတာ အကို့ကြောင့်"

"အင်းပါ ဟုတ်တယ် ကိုယ့်ကြောင့် အဲ့ဒါကြောင့် ညီ့ကို အမြဲတမ်းစိတ်ချမ်းသာအောင် ထားမယ် ညီပျော်ရွှင်နေတာပဲ ကိုယ်မြင်ချင်တယ် ဘာမှတွေးပြီးမပူနဲ့ ညီ့အနားမှာ ကိုယ်ရှိနေတယ်လေ ဟုတ်ပြီလား လိမ်မာတယ် ခေါင်းကအနာကြီးနဲ့ကို လျှောက်တွေးပြီး ဝမ်းနည်းမနေနဲ့ အေးအေးဆေးဆေးအနားယူ ညကျ ညီဘာစားချင်လဲဆိုတာ ဖုန်းဆက် "

"ဟုတ်ကဲ့ပါ အကို ကျွန်တော် အကို့ကို ယုံတယ် ပြီးတော့..."

သူ့စကားရပ်သွားတော့ လူကြီးက သူ့အား ဆက်ပြောလေ ဟူသော ပုံစံဖြင့်ကြည့်နေသည်။

"ပြီးတော့... အရမ်းချစ်တယ် ဟီး"

"ကိုယ်လည်း သိပ်ချစ်တယ်ညီ ကဲ ကိုယ် သွားမယ်"

လူကြီးသည် အိတ်ကိုကောက်လွယ်လိုက်ပြီး သူ့နဖူးအား ခပ်ဖွဖွနမ်းလိုက်ပြီးမှ အောက်ကိုဆင်းသွားတော့သည်။

Love is YOU (Uni+ZG)Where stories live. Discover now