Part_28

3K 366 18
                                    

သင်္ကြန် အတက်နေ့ .......

ကန်တော်ကြီးပတ်လမ်းမှာ တစ်ခုနှင့်တစ်ခုအပြိုင် ထည်ဝါစွာတည်ရှိနေသော မဏ္ဍပ်ကြီးတွေထဲက တစ်ခုမှာ မိုးသားညိုတို့ အုပ်စုရှိနေကြသည်။

EDM သံတွေနဲ့ ဆူညံနေပြီး မဏ္ဍပ်ပေါ်ဝယ် အရောင်စုံမိန်းကလေးများ ယောက်ျားလေးများဖြင့်ပြည့်နှက်နေသည်။

အလွန်သရုပ်ပျက်မဝတ်ဆင်ရန် ပိတ်ပင်ထားလို့သာတော်တော့သည်။ မိန်းကလေးအချို့ဝတ်စားထားကြတာ သူ့မှာ ကြည့်ပင်မကြည့်ရဲအောင်ဖြစ်နေရသည်။

မစံထားအပါအဝင် သူ့သူငယ်ချင်းမတွေက ပိုက်ကိုယ်စီနဲ့ ရေပက်နေကြပြီ။

သူကတော့ လူကြီးဖုန်းပြောနေတာမလို့ စောင့်ရင်း နောက်နားမှာ ထိုင်နေသည်။

လူကြီးက ဖုန်းသာပြောနေပေ‌မယ့် အကြည့်တွေက သူ့ဆီကနေ မရွေ့သွား။

ဘာလို့လဲဆိုတော့ ဒီနေ့ သူသိပ်လန်းနေတာလေ။ မဏ္ဍပ်ထဲက နှုတ်ခမ်းနီမလေးတွေရဲ့ ပေါ်တင်တမျိုး မသိမသာတမျိုး လှမ်းရှိုးခြင်းကိုပါခံနေရတာမို့ လူကြီးမှာ မသက်မသာဖြစ်နေပုံ။

ဂျင်းဘောင်းဘီအရှည်အနက်ရောင်ကို အဖြူရောင်ဂျာကင်နှင့်တွဲဖက် ဝတ်ဆင်ထားပြီး အရင်လို beanieဆောင်းထားတာမဟုတ်ပဲ ဆံပင်တွေကို gelနှင့် လှန်တင်ထားတော့ သူ့မျက်နှာက အရှင်းသားဖြစ်နေတာ။

ဖုန်းပြောပြီးသွားတော့ လူကြီးက sun glass ကိုသူ့မျက်နှာပေါ် တပ်စေသည်။မျက်မှန်က သူ့မျက်နှာတစ်ဝက်လောက်ထိကို အကြီးကြီး။

"ဟာ အကိုကလည်း ဘာလို့မျက်မှန်ကြီးတပ်ခိုင်းတာလဲ အရိပ်ထဲမှာကို"

"နေပူတော့မှာလေ ညီ့မျက်လုံးထိလို့မဖြစ်ဘူး ကိုယ်ပြောတာနားထောင်"

သူလည်း ရယ်မိရင်း_

"ကျွန်တော့်လူကြီးက သဝန်ကတော့ ရှယ်ကိုတိုတာနော်"

ဟု အနားကပ်ပြောတော့ လူကြီးကမကြားချင်ယောင်ဆောင်သည်။

"လာလာ ကားတွေလူတွေတောင်စည်နေပြီ ထွန်းနိုင်အောင်တို့ကို ပိုက်ယူခိုင်းထားတယ် ဟိုနားမှာ သူတို့က"

Love is YOU (Uni+ZG)Where stories live. Discover now