Part_17

3.5K 441 11
                                    

"ဟဲ့ နင်တကယ်ကြီးလား သေချာပြီလား"

"မိုးသား ငါ့ညီ မင်းကို ဟိုကငြင်းလိုက်ရင် ခံနိုင်ရည်ရှိမှာလား"

"ဟုတ်တယ်နော်ဟဲ့ ကြည့်လုပ်ဦး"

"ရှိမှာပါ မရှိရင်လည်းမတတ်နိုင်တော့ဘူးဗျာ သူသိအောင် ပြောလိုက်တော့မယ်"

တခါတလေ မိုးသားညိုဆိုတဲ့ သူက အဲ့လို တဇွတ်ထိုး ဖြစ်သည်။

"အေးလေ ဘာပဲဖြစ်ဖြစ်ငါတို့က ငယ်တော့တဲ့အရွယ်တွေ‌လည်းမဟုတ်ဘူး စဉ်းစားတတ်တဲ့အရွယ်ရောက်နေပြီ ဘွဲ့ပဲယူ‌ရတော့မယ် ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့သုံးယောက်ကတော့ နင့်ဘက်က ရပ်တည်ပေးဖို့အသင့်ပဲ"

"ဟုတ်တယ် မိုးသား ငါတို့ရှိတယ် ဒါနဲ့ နင်က ဘယ်လိုဖွင့်ပြောမယ်စိတ်ကူးလည်း ပြောမယ့်ပြောရိုဆန်ဆန်လေး ကော်ဖီဆိုင်လေးတဆိုင်မှာဖြစ်ဖြစ် ပြောပါလား"

"ဟာ မဖြစ်ဘူးနော် လူတွေများတဲ့နေရာမှာပြောရင် တကယ်လို့ အကိုသာလက်မခံရင် သူ့ကိုအရှက်ခွဲတယ် ထင်သွားဦးမယ် သူ့ဆေးခန်းက်ုသွားပြီး သူ့ရုံးခန်းထဲမှာပဲ ပြောတာကောင်းမယ် သူရယ်ငါရယ်ပဲရှိမှာလေ"

"ဟယ် မိုးသားရယ် သူ့ဆေးခန်းထဲအထိသွားပြီး သူ့ကိုရည်းစားစကားပြောမယ် ဟုတ်လား စံ ပဲဟယ်"

"ဟုတ်ပါ့ကွာ မိုးသား‌တို့ကတော့ ဘာတွေတွေးနေတယ်ဆိုတာ လိုက်မမီအောင်ပဲ ကဲ ဆက်ပြောပါဦး ဘယ်နေ့ဖွင့်ပြောမယ်စိတ်ကူးလဲ"

"၃၁ရက်နေ့ညဆို New Year ဆိုတော့ ငါတို့အလုပ်က ညစာစားပွဲရှိတယ်ဟာparty သဘောမျိုးပဲ အဲ့မှာပဲညထိတခါထဲ နေကြမှာ လူကြီးတို့လည်း အားချင်မှအားမှာလေ အဲ့ဒါကြောင့် ၃၀ရက်နေ့ညဖွင့်ပြောမလားလို့ အမှန်တော့ အမှတ်တရဖြစ်အောင် ၃၁ရက်နေ့ပြောချင်တာ ဘယ်တတ်နိုင်မလဲ သေချာတဲ့ရက်ပဲ ရွေးရမှာပေါ့"

သူ့စကားဆုံးတော့ ဖူးပွင့်ကာ ခေါင်းတခါခါလည်တခါခါနဲ့ လက်ခုပ်တွေထတီးသည်။

"ဉာဏ်ကြီးရှင်လေး ဒါတွေက်ုအခုမှ ဝုန်းဒိုင်းဆို ထစဉ်းစားမိတာတော့မဖြစ်နိုင်ဘူး ဘယ်ထဲက အစီအစဉ်တွေဆွဲထားတာလဲ မှန်မှန်လိမ်စမ်း"

Love is YOU (Uni+ZG)Where stories live. Discover now