Part_19

3.8K 453 31
                                    

ထင်သာပြည့်သည် အိမ်ကို အကျိုးအကြောင်းပြော လိုအပ်တာတွေထည့်ပြီး ဆေးခန်းကိုတခါထဲသွားပြီးမှ ကောင်လေးဆီပြန်လာတော့ ညပင်ရောက်နေချေပြီ။

ကောင်လေးသူငယ်ချင်းတွေက အလုပ်အားရက်မို့ စောင့်နေပေးကြ၍ အဆင်ပြေသွားသည်။

သူလာတော့မှ ပြန်သွားကြသည်။

သူလည်း သူ့အိတ်ကိုနေရာချ အဝတ်အစားလဲပြီးမှ ကောင်လေးနှင့် စကားအေးအေးဆေးဆေး ပြောရတော့သည်။

"ညီ နေရထိုင်ရ သက်သာရဲ့လား"

"ဟုတ်သက်သာပါတယ် အကို အဆင်မပြေတာက သွားပဲ ရှေ့သွားကျိုးသွားတာဆိုတော့ စကားပြောရတာလည်း အဆင်မပြေဘူး စားရတာကောပဲ ဟိုသူံးယောက်ကလည်း စလို့ကိုမပြီးတော့ဘူး"

"ဟဟ ဟုတ်လား အင်းပေါ့ ညီ့ပုံစံက ရယ်စရာလေးဖြစ်နေတာကို ဒါပေမယ့် သွားကတော့ အရင်ဆုံး ‌နဖူးကဒဏ်ရာသက်သာသွားမှပဲ စီစဉ်ကြတာပေါ့ ဟုတ်ပြီလား  ညီလှဲနေတော့ ဖုန်းသိပ်မသုံးနဲ့ဦး နယ်က အဒေါ်ကိုရော ဖုန်းဆက်ပြီးပြီလား"

"ဟုတ် နေ့လည်က ဆက်ထားတယ် ဆူခံလိုက်ရသေးတယ် ဟီး"

"ဆူမှာပေါ့ ညီက အဆိုးလေးပဲ အဲ့လောက်သောက်ရသလား"

"တစ်ခါတစ်လေဖြစ်သွားတာပါ"

"အဲ့တစ်ခါတစ်လေက အခု နဖူးထိပ်ကွဲရုံမက သွားတစ်ချောင်းပါ ပေးဆပ်လိုက်ရပြီမလား"

"အကိုကပါ ဆူနေပြီလားဗျာ"

"ဆူသင့်ရင် ဆူရမယ်ညီ အစက ဖြစ်ဖြစ်ချင်းမို့ မပြောသေးတာ နောက်ဆို အရက်ဘီယာကို သောက်မယ်ဆိုရင်တောင် limit တစ်ခုထိပဲသောက်ရမယ် "

သူက ဆူတော့ ကောင်လေးက သူ့အိပ်ယာပေါ်ဝယ် သုန်မှုန်နေရင်း စကားတစ်ခုကို ခပ်တိုးတိုးရေရွတ်သည်။

"သူ့ကြောင့် သောက်မိတာကို မသိပဲနဲ့ ဆူနေတယ်"

အိမ်လေးက ကျဉ်းသည့်အပြင်တိတ်ဆိတ်နေတော့ ထိုစကားသံတိုးတိုးကို သူကြားဖြစ်အောင်ကြားလိုက်လေသည်။

ထို့ကြောင့် သူလည်း ကောင်လေးအိပ်ယာဘေးက ခုံပုလေးမှာ ကောင်လေးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဝင်ထိုင်လိုက်ရင်း_

Love is YOU (Uni+ZG)Where stories live. Discover now