Part_32

3.1K 364 24
                                    

မနေ့က လူကြီးကို စိတ်ဆိုးထားတာမို့ သူကိုယ်တိုင်လည်း အဆင်ပြေမနေခဲ့ပါ။

အလုပ်ထဲမှာလည်း အမှားမှားအယွင်းယွင်းနဲ့ ရုံးဆင်းချိန်ရောက်ရန်သာ မျှော်နေမိတော့သည်။

လူကြီး တစ်နည်းမဟုတ်တစ်နည်းဖြင့် သူ့ကို လာပြီးရှင်းပြမယ်ချော့မယ်ဆို‌တာသိနေတော့လည်း စိတ်ဆိုးနေသည့်ကြားမှ မျှော်နေမိသေးသည်။

လေးလံစွာနဲ့ပဲ တစ်နေ့တာကုန်ဆုံး‌သွားတော့ ကားဂိတ်မှာ ကားစောင့်ရင်းလူကြီးများရောက်နေမလားဟု ဟ်ူဟိုဒီဒီ မျက်လုံးကစားကြည့်တော့လည်းမတွေ့။
လမ်းထဲရောက်တော့လည်း အရင်တစ်ယောက်ထဲလျှောက်နေကျလမ်းပေမယ့် ဒီနေ့ကျမှ ပို၍ အထီးကျန်သလိုခံစားရသည်။

အိမ်ရှေ့မှာလည်း လူကြီးရဲ့ကားရှိဖိူ့နေနေသာသာ ရေသန့်လာပို့တဲ့ ကားကြီးကပိတ်နေ၏။

လေးတိလေးကန်ခြေလှမ်းများဖြင့် ခြောက်လွှာသို့တက်လာခဲ့ပြီးနောက် သူ့ရဲ့ပန်းပင်လေးတွေနား ခဏထိုင်ကာ ပန်းနံ့လေးတွေမွှေးကြူရင်း ညစ်ညူးနေသောစိတ်ကို ‌အနည်းငယ်ပြေလွင့်အောင် ဖြေဖျောက်ရသည်။

ထို့နောက် မှောင်ရိပ်ပျိုးနေပြီဖြစ်တာကြောင့် ခြင်တွေကိုက်လာသဖြင့် အိမ်ထဲသို့ဝင်ခဲ့သည်။

သော့ဖွင့်လိုက်ပြီး ဝင်ဝင်ခြင်းမှာပဲ သူ့ရဲ့ အားလျော့နေသောကိုယ်လုံးလေးဟာ နွေးထွေးမှူအပြည့်နဲ့ ရင်ခွင်ကြီးတစ်ခုထဲသို့ ဆွဲပွေ့ခြင်းကိုခံလိုက်ရသည်။

အမြဲနှစ်သက်ခဲ့ရသော ရနံ့လေးကြောင့် ဘယ်သူဆိုတာတန်းသိသည်မို့ ဘာစကားမှမဆို၊ ရုန်းလည်းမရုန်းပဲ ငြိမ်သက်၍သာနေမိသည်။

သူလည်း စိတ်သာဆိုးမိတာ တစ်ဖက်မှာစိတ်မကောင်းလည်းဖြစ်နေရတာမဟုတ်ပါလား။

သူ့အား တင်းကြပ်စွာပွေ့ဖက်ထားရင်းနဲ့ပဲ လူကြီးထံမှ စကားသံလေးတွေထွက်လာသည်။

"ညီကိုယ့်ကို စိတ်ဆိုးလို့ရပါတယ် စိတ်ဆိုးစရာဖြစ်သွားတယ်ဆိုတာလည်း ကိုယ်သိတယ် ဒါပေမယ့် ကိုယ့်အပေါ်သူစိမ်းလိုတော့ မဆက်ဆံပါနဲ့ကွာ ကိုယ်တကယ်နေလို့မရဘူး သိရဲ့လား"

Love is YOU (Uni+ZG)Where stories live. Discover now