Part_16

3.4K 481 32
                                    

ညောင်ရွှေက ပြန်လာပြီးသည့် နောက်ပိုင်း မိုးသားညိုနဲ့ ထင်သာပြည့်တို့သည် နဂိုကထက် ပိုမို၍ ရင်းနှီးလာခဲ့ကြသည်။

သူစာရေးတယ်ဆိုတာကို သိသွားတဲ့ လူကြီးဟာ သူ့အတွက် အ‌ထောက်အကူဖြစ်စေမယ့် စာအုပ်ကောင်းကောင်းတွေတွေ့တိုင်းသူ့အတွက်မှာပြီး ပို့ပေးလာတတ်သည်။

သူကလည်း ကိုယ့်အတွက်လိုအပ်တာတွေပဲမို့ ဝမ်းသာစွာပဲ လက်ခံပါသည်။

လူကြီးက အဲ့လို ပွင့်ပွင့်လင်းလင်းရှိတာကိုပဲ သဘောကျတယ်တဲ့လေ။

အဲ့ဒီ့အစား သူတို့နှစ်ယောက် ကော်ဖီဆိုင်ထိုင်ဖြစ်တိုင်း ကုန်ကျစရိတ်ကို သူပဲရှင်းမယ်ဆိုတာကိုတော့ လက်ခံပေးသည်။

"ကဲ တော်ပြီတော်ပြီ လူကြီးအကြောင်းတွေးတာရပ်ပြီး အသစ်တင်မယ့် ပုံပြင်လေးဆီပဲ အာရုံစိုက်လိုက်ရအောင် မိုးသားညိုရေ"

သူ့ကိုယ်သူ သတိပေးလိုက်ရင်း Laptop ရှေ့မှာ ခေါင်းစိုက်သွားသည်။

သူ့ရဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်သော အခုတင်မယ့် ပုံပြင်လေးက fantasy ဘက်ကိုသွားဖို့ ရည်ရွယ်ထားသည်။

ဒဏ္ဍာရီသဖွယ်အချစ်ဇာတ်လမ်းပုံစံမျိူးဖြစ်ပြီး Plot line တွေလည်း သေချာချထားပြီးဖြစ်တာကြောင့် ဒီနေ့ ပထမပိုင်းကို စပြီး တင်တော့မည်ဖြစ်သည်။

စာလုံးပေါင်းတွေကို သေချာစစ်နေစဉ်မှာပဲ ‌သူ့အိမ်တံခါးကို လာခေါက်တဲ့အသံကြားတာကြောင့် လန့်သွားမိသည်။

ကိုကောင်းလည်းမဖြစ်နိုင်။ ကိုကောင်းဆို လှမ်းအော်နေကျ။

** ၇နာရီပဲရှိိ‌ေသးတယ်ဆိုတော့ သူခိုးတော့ မဟုတ်လောက်ပါဘူးနော် အဲလေ ဘယ်သူခိုးက တံခါးခေါက်ပြီးခိုးမှာလဲ **

ပေါက်ကရတွေတွေးရင်း တံခါးနားရောက်သွားကာ ခပ်ဟဟလေးပဲ ဖွင့်ကာကြည့်လိုက်တော့ အံ့ဩသွားမိသည်။

"အကို"

"ဟိုင်း ညီ ကိုယ့်ကို အိမ်ထဲပေးမဝင်တော့ဘူးလား"

သူကြောင်ပြီးကြည့်နေရာမှ အသဲအသန် တံခါးကို သေချာဖွင့်ရင်း အိမ်ထဲခေါ်ရသည်။

Love is YOU (Uni+ZG)Where stories live. Discover now