Part_36

3K 349 45
                                    

🎵🎶ရေမြေတွေခြားနေပေမယ့် ခေါ်သံလေးနားထဲကြားသလိုပဲ အဆင်ပြေသလားတွေးရင်းနဲ့ရင်မော နင်နေများကောင်းရဲ့လား မိုင်ထောင်ချီဝေးနေပေမယ့် နင်ငါ့အနားအမြဲတမ်းရှိသလိုပဲ... 🎵🎶

အိမ်ကလေးထဲဝယ် ဆိုတေးရဲ့ အဝေးရောက်ချစ်သူသီချင်းလေးက လွမ်းဆွတ်ဖွယ်ပျံ့လွင့်နေ၏။

မိုးသားညိုရဲ့ အလုပ်စားပွဲရှေ့နံရံမှာ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေ အစီအရီကပ်ထားသည်ကို ကြယ်ပုံစံမီးသီးလေးများက မှိန်ဖျဖျအလင်းရောင်လေးပေးစွမ်းနေသည်။

လူကြီးသွားခါစတုန်းက နေ့နေ့ညည လွမ်းတဲ့စိတ်ဖြင့် ငိုင်နေခဲ့ပေမယ့် အချိန်အနည်းငယ်ကြာလာတော့ ထိုလောက်မဆိုးတော့။

လွမ်းတဲ့စိတ်ကတော့ နေ့တိုင်းတိုးနေပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်တွေဘက် သေချာပြန်အာရုံစိုက်နေလိုက်သည်။

script writing သင်တန်းမပြီးခင်က ပြိုင်ပွဲလေးလုပ်တော့ ဒုတိယဆုရခဲ့သေးသည်။

ထိုသင်တန်းမှတစ်ဆင့် ဒီနယ်ပယ်ဘက်မှာ အသိအကျွမ်းတွေပိုရလာခဲ့ပြီး ဇာတ်ညွှန်းပြိုင်ပွဲလေးတွေမှာ ဝင်ပြိုင်ဖြစ်နေသည်။ဆုကြီးတွေတော့ မရဖူးသေးပေမယ့် အတွေ့အကြုံတွေကတော့ အများကြီးရခဲ့သည်။

Wattpad မှာရေးနေတဲ့ ဝတ္ထုလေးတစ်ပုဒ်ကိုလည်း ပရိတ်သတ်တွေရဲ့တောင်းဆိူမှုကြောင့် စာအုပ်တိုက်ဘက်မှ ထုတ်ဝေရန်ကမ်းလှမ်းလာ၍ ထိုအတွက်လည်း လုံးပမ်းနေရသည်။ တစ်ဖက်က Content writer အလုပ်ကလည်းရှိနေသေး၍ အလုပ်တွေပိနေတာ အမှန်ပင်။

အခုလိုညဘက်မှသာ ခေတ္တအနားယူရင်း လူကြီးနဲ့ Vcall ပြောကာ အားအင်ဖြည့်ရသည်လေ။

ဒီမှာ ညကိုးခွဲလောက်ဆို လူကြီးဆီမှာ ၇နာရီဖြစ်သည်။ ပုံမှန် ဒီအချိန် ပြောနေကျဆိုပေမယ့် အခုတော့ လူကြီးလိုင်းတက်မလာသေးတာကြောင့် သီချင်းလေးနားထောင်ရင်း ထိုင်လွမ်းနေရသည်လေ။

သီချင်းလေးဆုံးသွားပြီးမကြာခင်မှာပဲ လူကြီးထံမှ video callလေးဝင်လာ၏။

Screenထက်ဝယ် ကြည်လင်စွာပေါ်လာသော မျက်နှာလေးကြောင့် တနေ့တာ ပင်ပန်းမှုတွေ ပျောက်သွားသကဲ့သို့ခံစားရသည်။

Love is YOU (Uni+ZG)Where stories live. Discover now