Part_35

3.2K 373 54
                                    

ဘွဲ့ယူသည့်နေ့...

ဘွဲ့နှင်းသဘင်ခန်းမရှေ့ဝယ် ဘွဲ့ရမောင်မယ်များရယ် မိသားစုများရယ်နဲ့ စည်ကားလျက်ရှိနေသည်။

မိုးသားတို့အုပ်စုသည်လည်း ဓာတ်ပုံတွေကို မပြီးနိုင်မစီးနိုင်ရိုက်နေကြတာမို့ ဒေါ်လေးတို့က ကန်တင်းမှာ သွားပြီးစောင့်နေကြလေသည်။

အရင်းနှီးကြီးမဟုတ်သော်လည်း ကျူရှင်မှာ ခင်မင်ခဲ့ကြသူများကလည်း ဆွဲခေါ်ကာ ဓာတ်ပုံတွေရိုက်နေကြတာကြောင့် သူတို့မှာ နားချိန်ပင်မရ။

လိုနေတာ လူကြီးသာ။ဘာလို့ ခုထိရောက်မလာသေးပါလိမ့်။

ဖုန်းဆက်လိုက်တော့ တန်းပြီးကိုင်သည်။

"ဟလို ကိုကို မအားလို့လားဟင် ဘာလို့မလာသေးတာလဲ"

"ညီ့အနောက်ကို လှည့်ကြည့်လိုက်ပါဦး"

"ဟင်"

လှည့်ကြည့်လိုက်တော့ ပန်းစည်းအကြီးကြီးကိုပွေ့ပိုက်ထားရင်း လက်တဖက်ကဝှေ့ရမ်းကာ သူ့ကို ပြုံးပြနေသော သူ့ရဲ့ ချစ်ရသူ။

ထို့နောက် သူ့ဆီတစ်လှမ်းချင်းလှမ်းလာနေသည်။

"ဝိုး မိုက်တယ်ဟေ့ ပန်းစည်းကြီးကအကြီးကြီးပဲ"

သက်နှင်းတို့ခမျာ အားကျသောအကြည့်များဖြင့်ကြည့်ကာ ပြောနေကြလေသည်။

"Congratulations ပါ ကိုယ့်ရဲ့ကလေးလေး အခုတော့ တကယ်လူကြီးလေးဖြစ်‌ပြီ‌"

လူကြီးကမ်းပေးလာသော ပန်းစည်းကို ပွေ့ယူလိုက်ရင်း ပန်းလေးတွေအား ရှူရှိုက်မိသည်။

"သဘောကျရဲ့လား"

"ကျတာပေါ့ ကိုကို ဒါနဲ့ ဘာလို့နောက်ကျနေတာ"

"နောက်ကျနေတာမဟုတ်ဘူး ညီရဲ့ ရောက်နေတာကြာပြီ ညီ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေတာကို လှမ်းကြည့်နေတာ ကိုယ်လာရင် မရိုက်ဖြစ်တော့မှာစိုးလို့ ဘွဲ့ယူတဲ့ရက်လေးပဲ အဲ့လိုလူစုံတက်တက်စုံတွေ့ခွင့်ရှိတော့တာကို"

"ကိုကိုကတော့လေ တကယ်"

"လာလာ ဓာတ်ပုံရိုက်ရအောင်လေ"

Love is YOU (Uni+ZG)Where stories live. Discover now