Part_4

4.8K 610 40
                                    

ဆေးခန်းသို့ရောက်တော့ ၆နာရီခွဲခန့်။
လူအရမ်းမများပေမယ့် သူ့ရှေ့မှာ ငါးယောက်လောက်စောင့်ရမည်ဖြစ်တာကြောင့် ဖုန်းသုံးရင်းပင် စောင့်နေလိုက်တော့သည်။

အတန်ကြာတော့ Nurse တစ်ဦးက ဆရာဝန်အခန်းရှေ့ကနေ
" ကိုမိုးသားညို ဝင်လို့ရပါပြီ"
ဟု ပြောသဖြင့် ဆရာဝန်ရှိရာသို့ ထလာခဲ့တော့သည်။

ထင်သာပြည့်သည် ကြားလိုက်ရသည့်အသံကြောင့် ခေါင်းထောင်သွားသည်။

*မိုးသားညိုဆိုတာ ဟိုကောင်လေးများလား နာမည်တူတာလား*

ဟုတွေးတာမဆုံးသေးခင် ဝင်ချလာသည့် ပုံရိပ်လေးတစ်ခုကြောင့် နာမည်တူတာမဟုတ်ကြောင်း သေချာသွားသည်။

သူကတော့ Mask တပ်ထားတာကြောင့် ကောင်လေးက သိမယ်မထင်။

"ကဲ ဆို ဘယ်နားက အဆင်မပြေဖြစ်လို့လဲ"

"ဟို... ပါးစောင်နားမှာ အနာဖြစ်နေလို့ သွားပွတ်တံနဲ့ထိုးမိတာ"

"ဟုတ်လား အဲ့ဒါဆို တစ်ချက်လောက် ကြည့်ကြည့်မယ်နော် ဒီ‌ေရှ့ကို လာခဲ့ပေးပါ ပြီးရင် ပါးစပ်ကို ကျယ်ကျယ်လေးဟပေးနော်"

"ဟုတ်" ဟု အသံပြုရင်း သူ့ရှေ့အနီးကပ်ထိုင်‌လေတော့ ထိုကောင်လေးရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီကို ရှင်းလင်းစွာ ကြည့်ခွင့်ရလေသည်။

အရင်ကလည်း ယောက်ျားလေးလူနာတွေ ကြည့်ဖူးခဲ့ပေမယ့် ဒီကောင်လေးကျမှ ဘာလို့အထူးတဆန်းဖြစ်နေမှန်းမသိတော့။

" ဒီကညီ့ရဲ့ အနာက နည်းနည်းကြီးတယ် ဒါကဖြစ်တတ်တဲ့အနာမျိုးပါပဲ
Aphthous ulcers လို့ခေါ်တယ် မြန်မာလိုပြောရင် အပူနာ အပူဖုလို့လည်းဆိုကြတာပေါ့ ညီက သွားပွတ်တံနဲ့ချော်ထိုးမိတာနော်ဟုတ်လား"

ကောင်လေးက ခေါင်းငြိမ့်ပြတော့ သူ့စကားကိုဆက်ရသည်။

"သူက အိပ်ရေးပျက်တာများရင် စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်တယ် ဒီရက်ထဲ အဲ့ဒါတွေရောဖြစ်လား"

"အိပ်ရေးကတော့ပျက်တယ်ဗျ ဒီရက်ပိုင်း အလုပ်လည်းနည်းနည်းပုံသွားတော့ stress လည်းပိသွားတယ် "

Love is YOU (Uni+ZG)Where stories live. Discover now