Part_37

3K 333 21
                                    

ဒီနေ့ဟာ ဘယ်လိုတွေကံဆိုးတဲ့နေ့လဲမသိပါချေ။ မိုးသားညိုသည် အလုပ်ကိုအလာ YBS ပေါ်ဝယ် ခါးပိုက်နှိုက်ခံလိုက်ရသည်။

ပိုဆိုးသည်မှာ ပိုက်ဆံအိတ်မရှိတော့တာကိုမသိပဲ ရုံးနားက ဆိုင်မှာ မုန့်ဝင်ဝယ်လိုက်မိရာ ပိုက်ဆံရှင်းခါနီးမှ ပိုက်ဆံအိတ်မရှိတော့တာကို သိရခြင်းဖြစ်သည်။

ဆိုင်ရှင်ဦးလေးကြီးက ခင်နေလို့သာ တော်တော့သည်။ အဆိုးထဲကအကောင်းမှာ ဖုန်းက လက်မှာကိုင်ထား၍ မပါသွားခဲ့ခြင်း။

"ဘယ်လောက်ပါသွားလဲ ကောင်လေး ပြန်လိုက်လို့ကရမယ်မထင်တော့ဘူး"

"ဘယ်ရတော့မလဲ ဦးလေးရာ ဘဏ်ကဒ်တွေနဲ့ ဒီတပတ်စာအသုံးစရိတ်ဆိုထုတ်ထားတဲ့ငွေတွေပါသွားတယ် ကဒ်တွေက ဘဏ်သွားပြီးအကူအညီတောင်းလို့ရတာတော်သေး ကျန်တာတွေကတော့ လှူတယ်ပဲသဘောထားလိုက်ပါတော့မယ်ဗျာ"

"အေးပေါ့ကွာ နောက်ဆို ဂရုစိုက်ငါ့တူရေ"

"ဟုတ်ကဲ့ပါ ဦးလေး ဒါတွေ ရုံးဆင်းရင်လာရှင်းမယ်နော်"

"အေးပါအေးပါ ရတယ်"

"ကျေးဇူးပါ ဦးလေးရေ သွားပြီနော်"

"အေးအေး"

ဤသို့ဖြင့် ရုံးထဲရောက်တော့လည်း အကုန်လုံးမှာ သူ့အဖြစ်ကိုကြားပြီး စိတ်မချမ်းသာတဲ့ပုံတွေ ဖြစ်နေကြတော့၏။

မဝတ်ရည်က သူ့အနားရောက်လာကာ_

"မိုးသား မောင်လေးတော့ ဒီနေ့ ပြဿဒါးနေ့ထင်ပါတယ် ဒီမှာလည်း ပြသနာတစ်ခုထပ်ရှိသေးတယ် ***product ကလေ မောင်လေးရဲ့ content ကို အစအဆုံးပြန်လုပ်ပေးဖို့ပြောနေတယ်"

"ဗျာ ဟိုနေ့က meeting မှာ သူပြောတဲ့အချက်တွေသေချာထည့်ပြီး ရေးထားတာပဲကို ဘာဖြစ်တာတဲ့လဲ"

"အေးကွယ် တမင်ရစ်သလားအောက်မေ့ရတယ် အဲ့ဒါ အဲ့ကိစ္စပြန်ဆွေးနွေးဖို့ သူတို့ရုံးကိုလာခဲ့ပါတဲ့"

"ဪ အလုပ်လုပ်ရတာကလည်း မလွယ်လိုက်တာနော် အမပဲ ပိုက်ဆံချေးလိုက်ဗျာ ဒီမှာတပြားမှမရှိတော့ဘူး ကဒ်တွေကလည်းပြန်လျှောက်ဖို့ ဘဏ်သွားရမှာနဲ့ တကယ်ပြဿဒါးပဲဗျို့ ဒါနဲ့ အဲ့ကိစ္စက ဖုန်းနဲ့တခါထဲပြောလည်းရတာကို ဘာလို့ လူကိုယ်တိုင်ခေါ်ရတာလဲ"

Love is YOU (Uni+ZG)Where stories live. Discover now