Part_13

3.5K 441 31
                                    

နောက်တစ်နေ့မနက် Hostel မှာ Breakfast စားပြီး တခါထဲထွက်လာခဲ့ကြသည်။

မနက်8နာရီကျော် ၉နာရီလောက်ရှိနေပြီဖြစ်ပေမယ့် အအေးဓာတ်ကသိပ်မလျော့သေး...။

လူကြီးက အောက်က Hoddieမီးခိုးရောင်ကို ဂျင်းဘောင်းဘီအမည်းနှင့် တွဲဖက်ကာဝတ်ထားသည်။

သူဟာလည်း Hoddie အဖြူကို ဂျင်းအပြာနဲ့တွဲဝတ်ထားတာကြောင့် စတိုင်က ခပ်ဆင်ဆင်ပဲဖြစ်နေသည်။

စက်ဘီးငှားဖို့တွေ‌ဘာတွေကိုလည်း လူကြီးပဲ အကုန်စီစဉ်နေသည်။ သူကတော့ ဘေးနားကနေ အဆင်‌သင့်လေးနေရုံသာ။

စက်ဘီးက ဦးထုပ်တွေကအစပေးတာမို့ biker mood အပြည့်ခံစားရသည်။

"ညီ သတိထားပြီးစီးနော် ကိုယ်အရှေ့က နင်းသွားလိုက်မယ်"

"ဟုတ် အကို ကျွန်တော် နောက်ကနေ လိုက်ခဲ့မယ်"

"ကဲ ဟုတ်ပြီ အဲ့ဒါဆိုစထွက်မယ်နော်"

ဒီလိုနဲ့ Hostel မှ စထွက်ဖြစ်ကြသည်။

မုန့်ရွာ တနည်းအားဖြင့် ခေါင်တိုင်ရွာကို သွားသည့် လမ်းတလျှောက်က ရှူခင်းတွေဟာ အရမ်းလှသည်မို့ အရှေ့ကနေ သူကိုစောင့်ရင်း ပုံမှန်လေးနင်းနေသော လူကြီးကိုမီအောင် လိုက်နင်းကာ_

"အကိုရေ ကျွန်တော့်ကိုလေ ဟီး.. ဒီရှူခင်းတွေနဲ့ ဓာတ်ပုံလေး ရိုက်ပေးပါလားလို့"

ဟု ပြောလိုက်တော့ ခေါင်းငြိမ့်ပြကာစက်ဘီးကိုအရှိန်လျှော့ပြီး ရပ်လိုက်လေသည်။

"ကိုယ်က ဓာတ်ပုံရိုက်တာ အရမ်းတော့မကျွမ်းဘူးနော် မလှရင် စိတ်မဆိုးနဲ့"

" ရပါတယ်ဗျာ မလှလို့စိတ်ကောက်ရအောင် မိန်းကလေးမှမဟုတ်ပဲ"

"ဟဟ ဟုတ်ပါပြီဗျာ ခုလို နှုတ်ခမ်းကြီးစူပြီးပြောနေတာ‌ကတော့ မိန်းကလေးနဲ့တူနေတယ် ညီရဲ့"

"ဟာဗျာ အကိုနော် မရိုက်ပေးနဲ့ တော်ပြီ"

"ကဲပါ လာလာ စတာကို ပေး ညီ့ဖုန်း"

"ဟီး ကျွန်တော့်ဖုန်းက ဟောင်းနေပြီ အကို့ဖုန်းက ပန်းသီးဆိုတော့ အကို့ဖုန်းနဲ့ပဲ ရိုက်ပေးလို့ရမလား ပြီးမှ ပြန်ကူးမယ်လေ"

Love is YOU (Uni+ZG)Where stories live. Discover now