Part-12

3.6K 465 14
                                    

နောက်တစ်နေ့မနက် စုရပ်(၁) မှာ ကျင်းပမည့် ခန်းမထဲ ဗီနိုင်းများ ထပ်မံချိတ်ဆွဲသူက ချိတ်ဆွဲ ဟောပြောပွဲလာမည့်သူများအတွက် လက်ကမ်းစာစောင်များ ဝေပေးရန်အတွက်ကိုလည်း သူတို့ volunteer လူငယ်တွေဟာ အလုပ်ရှုပ်လျက်ရှိသည်။

မကြာမီမှာပဲ သက်ဆိုင်ရာလူကြီးများရောက်လာကြကာ ရပ်ရွာနေပြည်သူတွေလည်း တဖွဲဖွဲရောက်လာကြတော့သည်။

ကလေး‌များကအစ မိဘတွေအလယ် သန်ဆဲမြန်ဆဲ ဘိုးဘွားတွေပါ စိတ်ဝင်တစားလာရောက်ပေးကြတာမို့ သူတိူ့လူငယ်တွေလည်း ကျေနပ်အားရဖြစ်နေမိကြသည်။

ခန်းမထဲဝယ်ချထားသည့် ညီနေသော ခံများဝယ် လူတွေပြည့်သွားတော့မှ သူတို့က လက်ကမ်းစာစောင်တွေကို လိုက်လံပေးဝေကြရသည်။

သိပ်မကြာခင်မှာပဲ ဟောပြောပွဲစတင်ပါသည်။

သူ့ရဲ့ နှစ်ယောက်မရှိပါသော လူကြီးက ပထမဦးဆုံး ဟောပြောမည့်သူပါပင်။

သူ့ရဲ့ထုံးစံအတိုင်း ရှပ်အကျီကို စတိုင်ဘောင်းဘီထဲထည့်ကာဝတ်ထားသည်။

သို့သော် ခပ်ဝဲဝဲရှေ့ကို ကျနေတတ်သည့်ဆံပင်တွေအား gel ဖြင့် သပ်ရပ်အောင်လှန်ဖြီးထားကာ မျက်မှန်လည်းတပ်ထား‌တာကြောင့် ပုံမှန်ထက်ပင် ခန့်ညားနေသည်။

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ခြုံငုံ ဟောပြောပေးသွားမယ့် ဒေါက်တာထင်သာပြည့်ပါ သိချင်တာရှိရင် ထမေးလို့ရသလို ဒီဟောပြောပွဲပြီးတာနဲ့ သေသေချာချာထပ်ဆွေးနွေးပေးဦးမှာမို့ အဆုံးထိနေကြပါ ပြန်မသွားကြနဲ့နော် ကျွန်တော်က စိတ်ဆိုးမှာဗျ"

ပြုံးပြုံးပြုံးပြုံးနှင့် အရွှန်းဖောက်ကာပြောတော့ နားထောင်သူပရိတ်သတ်များလည်း သဘောကျနေကြသည်။

"သွားကျန်းမာရေးကောင်းဖို့ဆိုတာ ကျွန်တော်တို့ ကလေးဘဝထဲက အလေးပေးဂရုစိုက်ခဲ့ဖို့လိုပါတယ်
ကလေးလေးတွေ သွားစပေါက်လာပြီဆိုတာနဲ့ ဝါဂွမ်းကိုရေဆွတ်ပြီး အစာအစအနတွေကို ရှင်းပေးလို့ရပါတယ် သူတို့လေးတွေ ၅နှစ်အရွယ်ထိတော့မိဘတွေက ကူညီပေးဖို့လိုပါလိမ့်မယ် 5နှစ်ကျော် 6နှစ် အရွယ်လောက်ဆိုရင် ကိုယ်တိုင် တိုက်တတ်ဖို့ လေ့ကျင့်ပေးလို့ရပါပြီ ဒီနေရာမှာတစ်ခုရှိတာက သွားတိုက်တံနဲ့သွားတိုက်ဆေးတွေကိုလည်း ကလေးတွေအတွက်ထုတ်ထားတာလေးတွေ သုံးပေးကြဖို့ပါ ဒီအထိ အဆင်ပြေကြရဲ့လား ဖြေကြပါဦး"

Love is YOU (Uni+ZG)Where stories live. Discover now