Part_27

3.2K 386 44
                                    

သီချင်းလေးနားထောင်ရင်းဖတ်ကြပါ သင်္ကြန်ကိုလည်းလွမ်းရင်းပေါ့ :'(

..........................

မျိုး‌ကျော့မြိုင်ရဲ့ အမှတ်တရသင်္ကြန်သီချင်းကို ရပ်ကွက်ထဲက ကလေးလေးတွေရေဆော့နေတဲ့ လမ်းထိပ်ကအုန်းလက်မဏ္ဍပ်မှာ ဘောက်ကြီးနဲ့ဖွင့်ထားတာကြောင့် သီချင်းသံက ပျော်ရွှင်ဖွယ် ပျံ့လွင့်လျက်။

အကျနေ့ဆိုတော့ လူတွေပို၍စည်ကားနေချေပြီ။

မိုးသားညိုတို့ အုပ်စုသည် လူကြီးတို့ ကားကိုစောင့်ရင်း ကလေးတွေဆော့နေတဲ့မဏ္ဍပ်မှာ ဝင်ရောက်ကာရေပက်ရင်း ကစားနေကြသည်။

ဖြတ်သွားသော ရေပက်ခံကားတွေက ရပ်ပေးကြတာမို့ သီချင်းနဲ့အတူ ခုန်ပေါက်မြူးတူးနေရင်း လာသမျှကားတွေလူတွေကို ‌ရေတွေပက်ကာ ပျော်ရွှင်နေကြတော့သည်။

"ဟဲ့ဟဲ့ ဒီမှာယောဂီဝတ်စုံကြီးနဲ့လေ မပက်ရဘူးနော် ကလေးတို့"

"အမလေး ရေခဲရေတွေနဲ့လောင်းတယ် အေးလိုက်တာ"

"ဟယ် ရေတွေကမွှေးအီနေတာပဲ ဘယ်လောက်တောင် ရေမွှေးတွေလောင်းထည့်ထားတာတုံး"

"ဗွမ်း"

"ဖြေးဖြေးပက်ကြပါဟ မျက်လုံးတွေတောင်စပ်လာပီ"

"ဟယ် ဟိုကားပေါ်မှာ အဆင်လေးတွေ အဲ့ကားကိုတားဟေ့"

"ပိုက်စုတ်ကြီးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့"

ကားပေါ်ကလူတွေက ထိုသီချင်းကိုသံပြိုင်ဆိုကာ စကြတော့ ကလေးတွေရော နောက်က ရေထည့်ပေးနေတဲ့ ဦးလေးကြီးတွေကပါ ရေပိုက်တွေနဲ့ လှမ်းဖြန်းနေကြတော့သည်။

"ကားစုတ်ကြီးနဲ့လည်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့"

ကလေးတွေကလည်း အားကျမခံပြန်ဆို။ သူတို့ကလည်း ရေတွေနဲ့ပက်နှင့် ဆူညံနေကြတော့သည်။

"ဟိုမှာ ကောင်မလေးချောချောလေးတွေ လျှောက်လာနေကြပြီဟေ့"

Love is YOU (Uni+ZG)Where stories live. Discover now