Part_5

4.5K 522 31
                                    

ည၁၀နာရီခန့်မှာတော့ မိုးသားညိုသည် မွေ့ယာပေါ်လူးလိမ့်နေရင်း Facebook ကြည့်နေရာမှ လူကြီးacc မီးစိမ်းလာသည်ကို တွေ့လိုက်ရသဖြင့် သွားHi လိုက်သည်။

- Hi Bro👋 အိမ်ပြန်ရောက်ပြီလားဗျ

သိပ်မကြာပဲ seen ဖြစ်သွားကာ typing ဟုပေါ်နေတာကြောင့် သူ conversation ထဲက မထွက်ပဲနေလိုက်သည်။

- Yes, I am back Nyi!! မအိပ်သေးဘူးလား အိပ်ချိန်မှန်မှ ညီ့အနာမြန်မြန်သက်သာမှာနော်

- ဟုတ်ကဲ့ပါ ဒေါက်တာကလည်း အကျင့်ပါနေလို့ပါ ဟီး

- ဟုတ်ပါပြီဗျာ သွားရောတိုက်ပြီးပြီလား

- ပြီးပြီ bro 😎

သူက အဲ့လိုပို့လိုက်တော့ လူကြီးက ခွေးအဝါလေးရီနေတဲ့ စတစ်ကာကို ပြန်ပို့သည်။

- မရီနဲ့လေ တကယ်တိုက်ပြီးတာဗျ အကိုကရော ဘယ်ချိန်အိပ်မှာလဲ ကျွန်တော်စကားလာပြောလို့ မအိပ်ဖြစ်တာဖြစ်နေမှာစိုးလို့

- တကယ်တော့ ကိုယ်လည်း ပုံမှန်မရှိပါဘူး တခါတလေနောက်ကျတယ် တခါတလေလည်း စောတယ်

- ဆရာဝန်တွေက အဲ့လိုပဲနော် လူနာတွေကိုသာ ဂရုစိုက်ခိုင်းတာ ကိုယ်တိုင်ကျ ဂရုမစိုက်ဘူး

- haha ကိုယ်လည်း စိုက်ပါတယ်ဗျာ ဒီနေ့‌ေတာင် နည်းနည်းပင်ပန်းသွားလို့ စောစောအိပ်မှာ ကဲ ညီရေ Goodnight ပါဗျ

- ဟုတ် bro Good Night ပါ

ဟု ဆိုရင်း Good Night ဆိုတဲ့စာသားလေးပါသောစတစ်ကာလေးကိုပို့လိုက်ကာ သူလည်း out လိုက်တော့သည်။

..................

ထင်သာပြည့်ဆိုတဲ့ သူဟာ ဆရာဝန်မို့ လူအများနှင့်ပြောဆိုဆက်ဆံရသည်က တစ်ကြောင်း၊ အမြဲလိုလို ပရဟိတလုပ်အားပေးထဲ ပါဝင်တတ်တာတစ်‌ေကြာင်းကြောင့် သူ့ရဲ့လူမှုဆက်ဆံရေးပိုင်းဟာကောင်းမွန်တာ မှန်ပါသည်။

သို့သော် ခုလိုမျိုး ဘာမှသိပ်မသိသေးတဲ့ကောင်လေးတယောက်ကို သူ့ဘက်က လိုလိုလားလားနဲ့ မိတ်ဖွဲ့ပြီး အရေးပေးမိသည်မျိုး မရှိခဲ့သေး။

သူက တစ်ဦးတည်းသော သားပေမို့ ဒီကောင်လေးလို ညီလေးမျိုး လိုချင်မိတာကြောင့်ဖြစ်မည်ဟု စိတ်ထဲမှာထင်မိသည်။ ကောင်လေးဟာ မျက်နှာလေးက ကြည်နေပြီး စကားလည်းပြောတတ်ဆိုတတ်ကာ mannerအလွန်ကောင်းသည်။

Love is YOU (Uni+ZG)Where stories live. Discover now