Part-11

3.7K 457 21
                                    

နောက်ရက်တွေမှာတော့ သူတို့ Volunteer များကို လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တွေအား ရှင်းပြသည့် training တွေသွားတက်ရသည်။

Volunteer က သူအပါအဝင် ၅ယောက်ဖြစ်သည်။ယောက်ျားလေးတွေချည်း ဖြစ်သည်မို့ ခင်တာလည်း မြန်လေသည်။

ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ခရီးထွက်ရမည့်နေ့ရက်နဲ့ နီးကပ်လာပါတော့သည်။

နိုဝင်ဘာ ၁၁ရက်နေ့ညမှာ ရန်ကုန်ကစထွက်ကြမည်ဖြစ်သည်။

ရန်ကုန်မှာသာ မအေးတာ သွားရမယ့်‌နေရာက ရှမ်းပြည်ပေမို့ သူ့မှာ အနွေးထည်တွေ သွားဝယ်ရသေးသည်။

ညောင်ရွှေ ဆိုတာ facebook မှာ blogger တွေ ရော acc ထဲက ရောက်ဖူးကြတဲ့လူတွေ‌ေရာ တင်တာတွေကြည့်ပြီးတင် အရမ်းရောက်ဖူးချင်နေသော မြို့လေးတစ်မြို့။

ထိုသို့သော နေရာကို ကိုယ်သဘောကျတဲ့သူနဲ့ အတူတူခရီးထွက်ရမည်ဆိုတော့ အတိုင်းထက်အလွန်ပေါ့လေ။

ထိုစဉ် သူ့ဖုန်း ringtone ဖြစ်သော Maroon5ရဲ့ Memories သီချင်းသံကို ကြားလိုက်ရတာကြောင့် ကြည့်လိုက်တော့ လူကြီး...။

"Hello"

"အင်း ညီ ပြင်တာဆင်တာပြီးပြီလား ဟိုမှာတော်တော်အေးမှာမို့ အနွေးထည်တွေ မာဖလာတွေမမေ့ခဲ့နဲ့နော် အဲ့ဒါလှမ်းသတိပေးတာ"

"ဟုတ်ကဲ့ပါ အကိုရ ကျွန်တော်အကုန်ထည့်ပြီးပြီ အရမ်းလည်းသွားချင်နေပြီဗျ ဟီးဟီး"

"သွားရမှာပေါ့ ဒါနဲ့မနက်ဖြန် ကိုယ်လာခေါ်ပေးရမလား ညီ အိတ်တွေဘာတွေနဲ့ဆိုတော့"

"အာ ရတယ် အကို ကျွန်တော် taxi နဲ့ပဲလာလိုက်မယ် ကားဂိတ်မှာပဲ ဆုံကြတာပေါ့ တကူးတကကြီးမလုပ်ပါနဲ့ "

"Okokညီ ကားက ၈နာရီနော်"

"ဟုတ်အကို"

"ဟူတ်ပြီ ဟုတ်ပြီး ဒါဆို Good Night ညီ"

"Good Night ပါအကို"

.............❤️................

ခရီးထွက်ရတော့မည့် ည...။

မိုးသားညိုတစ်ယောက် စိတ်တွေစောပြီး ကားဂိတ်သို့ ရောက်နေတာ ၇နာရီကထဲက။

တဖြည်းဖြည်းနှင့် လူတွေစုံလာပြီး လူကြီးအပါအဝင် အခြားDoctor နှစ်ဦးရယ် Nurse များရယ်လည်းရောက်ရှိလာကြသည်။

Love is YOU (Uni+ZG)Where stories live. Discover now