Part_15

3.5K 454 12
                                    

နောက်ဆုံးနေ့မနက်ပိုင်းမှာတော့ Inle Horse Club သို့ ချီတက်ခဲ့ကြသည်။

တောင်တက်တောင်ဆင်းလမ်းတွေသို့ သွားချင်ရင်လည်း ရသလို အဝေးသွားရမှာကြောက်လျှင် မြင်းစီးကွင်းထဲမှာပဲ ပတ်စီးလို့လည်း ရသည်။

သူတိူ့ကတော့ ခပ်ဝေးဝေးထိစီးလိုတာကြောင့် ကွင်းထဲမှာ ခန‌သာ နေပြီး ထွက်လာခဲ့ကြသည်။

မြင်းတစ်ကောင်ကို Trainer တစ်ယောက်စီပါတာကြောင့် သူအစက ကြောက်နေသော်လည်း အတန်ကြာတော့ ကြောက်စိတ်တွေပျောက်သွားသည်။

မြင်းလေးတွေကလည်း လိမ်မာလှသည်။

Trainerအကိုကြီးက ဓာတ်ပုံရိုက်တာလည်း ကျွမ်းလှသည်။ သူမြင်းစီးနေတဲ့ပုံတွေကို ထိုအကိုကြီးက ဒိုင်ခံရိုက်ပေးသည်။

လူကြီးကတော့ သူတို့အရှေ့က သွားနှင့်သည်။

ဤသို့ဖြင့် မနက်ပိုင်းတပိုင်းလုံး မြင်းစီးတာနဲ့ အချိန်ကုန်သွားပြီး ညနေရောက်တော့ သူတို့ရဲ့ နောက်ဆုံးအစီအစဉ်ဖြစ်သော ဝိုင်ခြံမှာ sunset ကြည့်ရန်သာ ကျန်ရှိတော့လေသည်။

မကြာခင် ပြန်ရတော့မည်ဆိုတဲ့ အသိက ခေါင်းထဲဝင်လာတော့ သူ့မှာ ဝမ်းနည်းသလိုလို။

ညနေခင်းရှုခင်းတွေကလည်း သူ့ကို ပို၍ လွမ်းမောအောင်ပြုစားနေသည်။

"ညီ"

"ဗျာ"

"မနက်ဖြန်မနက်အစောပိုင်း ပြန်ရတော့မှာဆိုတော့ လွမ်းနေတာလား"

"ဟုတ်တယ် အကိုရာ တပတ်လောက်နေလိုက်တာ သံယောဇဉ်ပါတွယ်နေပြီ ဟီး"

"နောက်လည်း အလည်ထပ်လာပေါ့ ဟုတ်ပြီလား"

"ဟုတ် ကျိန်းသေ ထပ်လာဦးမယ်"

ထို့နောက် စကားစပြတ်သွားပြီး နှစ်ယောက်သား အဝေးမှာ တရွေ့ရွေ့ဝင်ကာသွားသော နေလုံးကြီးကိုသာ ငေးမောနေမိကြသည်။

သူထင်တာမမှားဘူးဆိုရင် လူကြီးလည်း ဝမ်းနည်းနေသလိုပါပဲ။

သူတိတ်တဆိတ် ခိုးကာကြည့်မိတော့ လူကြီးရဲ့ မျက်ဝန်းတွေက ရီဝေနေသလိုပင်။ ဝိုင်ကြောင့်ပဲလားတော့ မသိ။

Love is YOU (Uni+ZG)Where stories live. Discover now