Part_26

3.2K 377 21
                                    

နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်၏ ကားပါကင်သို့ သူတို့ကားလေးထိုးဆိုက်လာသည်။

သူရင်တွေခုန်နေတာကို သိနေသည့်အလား လူကြီးက ကားပေါ်ကမဆင်းခင် သူ့နဖူးထက် အနမ်းဖွဖွတစ်ခုကို ဖြစ်တည်စေရင်း စိတ်လှုပ်ရှားမှု‌ကိုဖြေဖျောက်ပေးသည်။

ဆိုင်ထဲသို့ရောက်တော့ အထဲမှာ လူသိပ်မများလှ။

ဆိုင်မှဝန်ထမ်းတစ်ဦးက သူတို့ booking လုပ်ထားသည့်ဝိုင်းသို့ လိုက်လံညွှန်ပြပေးသည်။

‌လူကြီးရဲ့ သူငယ်ချင်းတွေက အကုန်ရောက်နေကြပြီ။ ကိုထွန်းနိုင်အောင်ကတော့ သူတို့ကို ပြုံးကာကြည့်နေသည်။

မှာထားတာတွေ မရောက်ခင်မှာပဲ လူကြီးက အကုန်လုံးအား သူနဲ့ မိတ်ဆက်ပေးသည်။

"ညီ ဒါကိုယ့်သူငယ်ချင်းတွေပေါ့ သူကတော့ ညီသိပြီးသားပါ ထွန်းနိုင်အောင် သူက စံထားမြင့်တဲ့ဘေးကဟိန်းဇေ သူတို့နှစ်ယောက်က လက်ထပ်ပြီးကြပြီလေ ဒီဘေးဆုံးကတော့ ကျော်စွာတဲ့"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်"

အားလုံးကလည်း နွေးထွေးစွာနှုတ်ဆက်ကြတော့ သူလည်း ရှိန်နေတာတွေ ပြေသွားသည်။

"သူကတော့ မိုးသားညိုတဲ့ ငါပြောပြထားတဲ့ ငါ့ရဲ့ချစ်သူပေါ့"

သူ့ကို ပြုံးကာကြည့်ရင်း လက်တွေကိုဆုပ်ကိုင်ထားကာ သူရဲ့ချစ်သူဖြစ်ကြောင်းကို သူငယ်ချင်းများထံ အတိအလင်းကြေငြာသည်။

မစံထားကတော့ သူလိုချင်တဲ့ အဖြေကို ရသွားဟန်ဖြင့် ပြုံးကာခေါင်းငြိမ့်သည်။ကိုထွန်းနိုင်အောင်က သိထားပြီးသားမလို့ မထူးဆန်း။ ကျန်တဲ့အကိုနှစ်ယောက်က‌တော့ အံ့ဩသွားပုံပေါ်သည်။

"Woww ထင်သာ ငါအံ့ဩသွားတာတော့အမှန် "

"ငါထင်တော့ထင်ပါတယ် အဲ့ဒါကြောင့် ဟိုနေ့ထဲက ထွန်းနိုင်အောင်ကို မေးနေတာလေ ငထွန်းနှုတ်လုံချက်ကတော့ ဟင်းဟင်း"

"အေးလေ လုံရမှာပေါ့ ကာကယံရှင်ကိုယ်တိုင်ပြောပြတော့ပိုမကောင်းဘူးလား"

"အေးပါ မင်းတို့က ထပ်ရန်မဖြစ်ကြနဲ့လေ ဒါနဲ့ ညီလေးက အလုပ်ရောလုပ်နေပြီလား ကျောင်းတက်တုန်းလား"

Love is YOU (Uni+ZG)Where stories live. Discover now