Part_22

3.2K 388 31
                                    

မိုးသားညိုတစ်ယောက် သွားပြန်စိုက်ပြီးသည့်နောက် အလုပ်လည်း ပုံမှန်ပြန်ဆင်းနေရပြီဖြစ်သည်။

သူနဲ့ လူကြီးရဲ့အကြောင်းကိုတော့ သူငယ်ချင်းတွေရယ် လူကြီးသူငယ်ချင်းကိုထွန်းနိုင်အောင်မှလွဲ၍ ဘယ်သူမှ မသိကြပါ။

ယခု သူတို့ရုံးမှာ Content writer အသစ်လေးတွေ ခေါ်ယူထားတာကြောင့် ထိုကလေးတွေကို သူက တာဝန်ယူပြီး ရှင်းပြသင်ကြားပေးနေရသည်။

စာအုပ်ထုတ်မယ့်ကိစ္စတွေလည်းရှိနေတာကြောင့် လွန်စွာအလုပ်ရှုပ်နေသော ကာလတစ်ခုဟု ဆိုရပေမည်။

"ဟဲ့ Rainbow ရဲ့ စာအုပ်ထွက်တော့မှာသိတယ်မလား"

"သိတယ်လေ Preorder ကောက်မယ့်ရက်ကိုစောင့်နေတာ မကြေငြာသေးဘူးမလား"

"အေးဟ အချိန်အတိအကျမပြောသေးဘူး ငါအဲ့စာအုပ်အသေကြိုက်တာ အဲ့ထဲက semeကြီး ရိုတာတအားပဲဟယ်"

"ဟုတ်ပဟုတ်ပ ဒါနဲ့ အဲ့Rainbow ဆိုတာ ယောက်ျားလားမိန်းမလားမသိဘူးနော်"

"ယောက်ျားလေးလို့တော့ပြောကြတာပဲ သူ့ပုံမတင်တော့ ဘယ်သူမှမသိကြဘူးရယ်"

"မြင်ဖူးချင်ချက်ဟယ် သူ့စာတွေက ဒီလောက်နုရွပြီးအရိုတလိုင်းဆိုတော့ သူက်ုယ်တိုင်ဆို ဘယ်လိုပုံစံဖြစ်နေမလဲမသိဘူး"

"ဟုတ်တယ်"

မိုးသားသည် သူ့ဘေးနားဝယ် သူ့အကြောင်းကို အာလူးဖုတ်နေကြသည့် အသစ်ကလေးနှစ်ယောက်ကို ကြည့်ပြီး ကြိတ်ရယ်မိသည်။

ကိုယ့်ဖန်လေးတွေဖြစ်နေတာပဲ။ သေချာဂရုစိုက်ပေးဦးမှဟု တွေးမိသည်။

သူဒီလို စာရေးတယ်ဆိုတာ အလုပ်ကလူတွေသိကြတာမဟုတ်။ ဒီကလေးမတွေလည်း မသိကြရှာတာ အဆန်းမဟုတ်ပါ။

"‌မိုးသားညိုရေ မောင်လေး ဒါလေးလာကြည့်ပေးပါဦး ရေးတာအဆင်ပြေရဲ့လားလို့"

"လာပြီလာပြီ"

"တက်ကြွနေလိုက်တာ ဘာတွေများပျော်စရာရှိနေလဲမသိဘူး ဒီကောင်လေး"

"အမလေး ဒီရုံးမှာ မိုးသားညိုထက် Active ဖြစ်တဲ့သူရှိလို့လား အမရေ "

Love is YOU (Uni+ZG)Where stories live. Discover now