Part 5
20.3K 2K 60
*တီတောင်……တီးတောင်……*
"သမီးရေ……ဘဲတီးသံကြားတယ်
သွားကြည့်လိုက်အုံး"
"ဖေဖေ စောပြန်လာလို့နေမှာကိုမေမေကလဲ"
"ညည်းအဖေက ဒီနေ့နောက်ကျမယ်ပြောသွားတယ်လေ
ဧည့်သည်ထင်တယ် သွားကြည့်စမ်းပါအေ"
"ဟုတ်…ဟုတ်……"
ကြယ်စင် ဧည့်ခန်းမှာ အဖြေလွှာတွေ စစ်ဆေးနေရာကထလိုက်ရသည်။
အခုဆို ကောင်းကင်ထွက်သွားတာလဲ ခြောက်နှစ်လောက်ရှိလို့
ကြယ်စင်လဲ အထက်တန်းကျောင်းအုပ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ဆရာမလုပ်တာဝါသနာမပါသော်လည်း မိန်းကလေးဆိုတာ ကျောင်းဆရာမနဲ့အလိုက်ဖက်ဆုံးဆိုသည့် ဖေဖေ့ကြောင့် လုပ်လိုက်ရသည်။
ကောင်းကင်က ဖေဖေ့ဆန္ဒကိုမဖြည့်ဆည်းသွားတာမို့ ကြယ်စင်ကပါ ဆန့်ကျင်နေရင် ဖေဖေစိတ်မကောင်းဖြစ်တော့မည်။
အခုတောင် ကောင်းကင်ပြန်မလာတာ သူ့ကြောင့်ဆိုပြီး
တခါတလေ မေမေနဲ့ကြယ်စင်မသိအောင် ငိုနေတက်သေးသည်။
ကြယ်စင်အိမ်ရှေ့ရောက်တော့ ဘယ်သူ့ကိုမှမတွေ့။
အိမ်ထဲပြန်ဝင်မည်လုပ်တော့မှ တံခါးအကွယ်ကနေ လူရိပ်ထွက်လာသည်။
"ကောင်း…ကောင်းကင်"
"မမ"
ပြန်လာမည်ဆိုတာ သိသော်လည်း ဗြုန်းစားကြီးတော့မထင်ထားမိ။
အနည်းဆုံး ပြန်လာခါနီးရင် ကြယ်စင့်ကိုတော့ ဆက်သွယ်မယ်ထင်ခဲ့သည်။
ကောင်းကင်လက်ဆွဲထားသည့် အရိပ်လေးကို ကြည့်မိတော့
ငါးနှစ်အရွယ် ကလေးလေးက ကြယ်စင့်ကို ပြုံးပြနေသည်။
တကယ်ပဲ ကောင်းကင် ကလေးမွေးခဲ့တာလား။
ဝမ်းသာလွန်းသည့် စိတ်ကြောင့် တံခါးအမြန်ဖွင့်ကာ ကလေးမလေးအား ကောက်ပွေ့လိုက်သည်။
"လူဆိုးကောင် ငါ့တူမလေးလား ဒါက"
"အင်း"
"လာအိမ်ထဲဝင်မယ်"
ကောင်းကင်ကို မဆူအားသေးဘဲ တူမလေးကိုချီကာ အိမ်ထဲအရင်ဝင်လာခဲ့သည်။
"ဟဲ့ လာလေ ဘာရပ်လုပ်နေတာလဲ"
"ကျနော် မရဲလို့ပါ"