Final Part 2 (Warning)
25.7K 1.7K 81
"ကိုယ့်စိတ်ကောက်လေး ထလို့"
အခန်းထဲရောက်ကတည်းကချော့တာ ညနေစောင်းသည်အထိ စကားပင်ပြန်မပြောတော့။
တော်တော်ကြီးရှက်သွားတာပဲဖြစ်မည်။
"ကောက်စိန်လေး ထပါကွာ
နော် ကိုယ်နောက်မရယ်တော့ဘူးလေ နော်
အဲ့လိုကြီးအိပ်နေရင် ခေါင်းကိုက်မှာပေါ့ ဖေဖေသေးသေးလေးရဲ့"
"ဘယ်မှာလဲသေးသေးလေးက ဘယ်သူကသေးနေလို့လဲ"
"ဟား ဟား အခုမှပဲပြန်အဖက်လုပ်တယ်ကွာ"
"အကို့ကိုစကားမပြောဘူး စိတ်ဆိုးတယ်"
"စိတ်ဆိုးပြေအောင်ချော့မှာမို့ ကိုယ့်ကိုကြည့်အုံးလေ"
"မကြည့်ပါဘူး ချော့မယ်ဆိုပြီး လူကိုနမ်းမှာ ကျနော်သိတယ်"
"မနမ်းစေချင်တဲ့ကောင်လေးကို မနမ်းပါဘူး
ဗိုက်ထဲက ကလေးလေးကိုပဲနမ်းမယ်"
ခန့်တည် လူပေါ်အုပ်မိုးကာ ဗိုက်ကလေးကို ငုံ့နမ်းလိုက်တော့ ကိုယ်လေးကတွန့်သွားသည်။
"အကိုနော် ဖိမိသွားရင် ဘယ်လိုလုပ်မလဲ"
"မဖိပါဘူးကောင်းကင်ရဲ့
စိတ်ဆိုးပြေတော့နော် ညနေစာစားရအောင်
တော်ကြာအဖွားကစိတ်ပူနေလိမ့်မယ်"
"စိတ်ဆိုးပြေတာမဟုတ်ဘူးနော်
အဖွားစောင့်နေမှာစိုးလို့"
"အင်းပါကွာ လုံးကစ်လေးကို ဖျစ်ညစ်မိတော့မှာပဲ"
မျက်စောင်းလှလှက ချက်ချင်းရောက်လာတော့ မျက်နှာကိုပြန်တည်လိုက်ရသည်။
ပြောလို့ရတာမဟုတ်ဘူး ကိုယ်ဝန်ဆောင်တဲ့လူက အသေးအဖွဲလေးကစ စိတ်ထဲထားတက်တာ။
တစ်ခုခုဆို ဝမ်းနည်းလွယ်တာ စိတ်ကောက်လွယ်တာ ခန့်တည်သိတာပေါ့။
အဲ့ဒါကြောင့်လဲ ကောင်းကင်ကို မငြိုငြင်ရက်တာ။
ရှေ့လျှောက်ဘာလေးပြောပြောကောက်မယ် ငိုမယ်ဆိုတာ မရိုးအောင်လာတော့မှာ။
သမီးကြီးတုန်းက တစ်ကိုယ်ထဲဖြတ်သန်းခဲ့တာမို့
ဘယ်သူ့အပေါ်မှ မဆိုးခဲ့ရလို့ ကောင်းကင်ဆိုးသမျှ
ခန့်တည် ကျေကျေနပ်နပ်ကြီးခံမှာဖြစ်သည်။
ကောင်းကင်စိတ်ချမ်းသာဖို့ အဓိကမို့ စိတ်ကြိုက်ဆိုးပါစေ။