Part 28 (Warning🔥)
27.6K 1.9K 105
"ကိုကို အဖွားက ဘာမှလဲမပြောပါလား
ညနေစာတောင် အတူမစားဘူးနော်"
"သူစိတ်ပြေတဲ့အချိန်မှ မင်းနဲ့စကားပြောမယ်တဲ့
ညစာစားပြီး အေးအေးဆေးဆေးနေကြပေါ့
အာ……အိမ်မှာမင်းတို့ရှိပြီဆိုတော့ ကိုကိုမနက်ဖြန်ကုမ္မဏီသွားတော့မယ်"
"ဟုတ် သွားလေရပါတယ်
ကိုကို့ကိုအကူညီတောင်းရအုံးမယ်"
"ဘာလဲ"
"သမီးကိုချော့ပြီး ကိုကိုခေါ်အိပ်ပေးလာပါလား
တစ်ရက်လောက်"
"ဟင်"
"အဟွတ်……အဟွတ်……"
ပြောချင်ရာပြောချလိုက်သည့် အကို့ကြောင့် ထမင်းစားနေသည့်ကောင်းကင်သီးသွားရသည်။
သမီးငယ်ကအလိုက်သိစွာရေဖန်ခွက်လေး ယူပေးသည်။
"ကောင်းကင်ရယ် ဖြေးဖြေးစားမှပေါ့"
"အကို ဘာတွေလျှောက်ပြောနေတာလဲ
သူဋ္ဌေးသူ့ဘာသူနေပါစေ ကျနော်တို့ကြောင့် မအိပ်တက်ရင် အခန်းခွဲအိပ်ပေးမယ် သမီးကိုသူဋ္ဌေးနဲ့မအိပ်ခိုင်းလဲရတယ်"
"ဟုတ်သားပဲခန့်တည်ရာ
ကလေးကကောင်းကင်နဲ့ခွဲအိပ်ဖူးမယ်မထင်ဘူး"
ကိုကို ပြုံးစိစိလုပ်ကာပြောလာပြန်သည်။
သိသိကြီးနဲ့ကိုကိုမကူညီတာ။
ညီကိုချင်းကို နည်းနည်းမှ အကူညီမဖြစ်ဘူး။
ကောင်းကင်ကလဲ သိရက်သားနဲ့အခန်းခွဲအိပ်မယ်တောင်ဆိုနေသေး။
ဒီလူကပဲ အဖြစ်သည်းနေသလို။
"ဟုတ်ပါပြီ ကိုယ်ပဲအလျှော့ပေးပါတယ်
ခါတိုင်းလိုပဲ သုံးယောက်အတူတူအိပ်ကြတာပေါ့
ဒီလိုမှန်းသိ အဲ့ဒီအချိန်တုန်းက မြတ်ဘုန်းအကူညီတောင်းတာ မပေးခဲ့ပါဘူး"
သမီးငယ်ကို မေးငေါ့ပြကာပြောသည့် အကို့ကြောင့် ကောင်းကင်ရယ်မိသည်။
ညနေစာစားပြီးတော့ တက်ကြွစွာတက်သွားသည့်သားဖနှစ်ယောက်။
ကောင်းကင်လဲသိမ်းစရာရှိတာတွေသိမ်းပြီးမှ လိုက်လာခဲ့သည်။
"အကို သမီးကိုဖုန်းပေးထားတာလား"
"ကာတွန်းကားကြည့်မယ်ဆိုလို့ပေးထားတာ"