Part 6
19.7K 2.1K 39
"သမီးလိုက်ချင်တယ်လို့ ဖေဖေ"
"သမီးငယ်ကကွာ လိမ်မာရက်သားနဲ့
ဖေဖေက အရေးကြီးလို့မခေါ်တာလေ
ခါတိုင်းဆိုခေါ်တာပဲကို ဒီနေ့တစ်ရက်ပဲလေ
တီတီနဲ့လိုက်သွားနော်"
"လိုက်မှာလို့ ဦးဦးချောချော မင်္ဂလာဆောင်တာကြည့်ချင်ပါတယ်ဆို"
"ဦးဦးချောချောက နောက်တစ်ပတ်မှ ဆောင်မှာ
အခုက ဖေဖေတို့တွေကြိုပြီး ပြင်ဆင်ထားပေးတာ
မင်္ဂလာဆောင်ကျ သမီးငယ်ကိုခေါ်မှာလေ"
5နှစ်ကျော်သာရှိသေးပေမဲ့ သမီးက အရမ်းစကားတက်လွန်းသည်။
ဥာဏ်လဲအရမ်းကောင်းတာမို့ တစ်ခုခုပြောထားရင် ဘယ်တော့မှမမေ့တက်။
အခုလဲ သူဋ္ဌေးမင်္ဂလာဆောင်ရောက်ပြီထင်ပြီး လိုက်ချင်လို့ ဂျီတိုက်နေတာ။
ကောင်းကင်အလုပ်သွားတိုင်း တစ်ပတ်မှာ သုံးရက်လောက် လိုက်လာတက်တော့ ကုမ္မဏီကလူတွေအကုန် သမီးငယ်ကိုသိနေကြပြီးဖြစ်သည်။
သူဋ္ဌေးနဲ့သူဋ္ဌေးရဲ့ဇနီးလောင်းကလဲ သမီးငယ်ကိုချစ်ကြတာမို့ အမြဲခေါ်လာစေချင်ကြသည်။
သို့ပေမဲ့ သူများအလုပ်မို့ ကောင်းကင်အားနာသည်။
ကျောင်းအပ်ဖို့လဲ အချိန်မမှီတာမို့ ကြယ်စင်နဲ့လဲ အမြဲထည့်လို့ကမဖြစ်ပေ။
ဒီနှစ်ကျောင်းတွေပြန်ဖွင့်မှ သမီးကိုကျောင်းအပ်ရမည်။
"ဖေဖေ့……ဖေဖေလို့"
"ဟင် ပြောလေ သမီးရဲ့"
"ဦးဦးချောချောကို ပြောလိုက် သမီးကိုလာခေါ်လို့
ဖေဖေကစိတ်ပုတ်လို့ မလိုက်တော့ဘူး"
"ဟား……အေးပါသမီးရယ် ပြောလိုက်ပါ့မယ်
ဒီနေ့တီတီနဲ့ အကျီ င်္လှလှဝယ်ခဲ့နော်
ဦးဦးချော မင်္ဂလာဆောင်တဲ့အခါဝတ်ရအောင်"
"ဟုတ်"
"ဒါဆို ဖေဖေသွားတော့မယ်"
"ဟုတ် ဖေဖေ တာ့တာ"
"မေမေ ကျနော်အလုပ်သွားပြီ
မမ……သမီးကိုကျောင်းခေါ်သွားရင် သေချာဂရုစိုက်ပေးအုံးနော်"
"အေးပါ ငါ့တူမကိုငါကပစ်မထားပါဘူး"
အရင်လို ခပ်ကဲကဲမဟုတ်တော့သည့် ကြယ်စင့်ကိုလဲကျေးဇူးတင်ရသည်။
သမီးကို တူမအနေနဲ့တင်မဟုတ်ဘဲ သမီးလေးလိုပါချစ်ပေးတာမို့
ကောင်းကင်စိတ်ချမ်းသာရသည်။
တခါတခါ သမီးရဲ့မရှိတဲ့မေမေအကြောင်း အစ်မေးတဲ့အခါ ရိုက်ချင်စရာကောင်းတာတော့ရှိသည်။
ဖေဖေနဲ့မေမေက ကောင်းကင်ပြောတာကို သံသယမဝင်ပါဘဲ
ကြယ်စင်ကတော့ သံသယမကင်းစွာ အမြဲမေးတက်သည်။