Part 21
17.5K 1.7K 40
ဒီရက်ပိုင်းကိုကိုမျက်နှာမကောင်းတာကို ခန့်တည်သတိထားမိသော်လည်း စကားသေချာမပြောဖြစ်တာမို့ မမေးဖြစ်။
ဒီနေ့အိမ်မှာ ရှေ့နေရောက်လာတော့မှ အကြောင်းအရင်းကိုသေချာသိလိုက်ရသည်။
ကိုကိုနဲ့မရီးကွာရှင်းကြတော့မည်။
ခြောက်လတောင်မပြည့်သေးတဲ့ အိမ်ထောင်ရေးက ဘယ်လိုကြောင့် ကွာရှင်းဖို့အထိ ဖြစ်သွားရသနည်း။
ခန့်တည်သိသလောက်တော့ ကိုကိုနဲ့မရီး ပြသနာကြီးကြီးမားမားဖြစ်တာမျိုးမရှိ။
အိမ်မှာလူစုံရှိနေခြင်းက ကိုကိုနဲ့မရီးအဆင်ပြေသွားသည်ကြောင့်မဟုတ်ဘဲ ကွာရှင်းဖို့ဖြစ်နေသည်။
ကိုကို့ကိုကြည့်မိတော့လဲ မျက်နှာမလန်းသည်ကလွဲပြီး
အဆင်ပြေပုံတော့ပေါ်သည်။
ကိုကို့သဘောအရဆိုရင်တော့ ကွာရှင်းခြင်ဟန်မတူ။
မရီးကျတော့လဲ မျက်နှာကအေးစက်စက်ပင်။
ဘာခံစားချက်မှရှိဟန်မတူ။
အဖွားကလဲထိုနည်းတူပင်။
"ကိုကိုနဲ့မရီး သေချာပြန်စဉ်းစားပါအုံးလား
အိမ်ထောင်တစ်ခုက ကလေးကစားစရာမဟုတ်ဘူးနော်"
"မြေးငယ် ဒါလူကြီးတွေကိစ္စ ဘာမှဝင်မပြောနဲ့
သူ့တို့ဘာသူတို့ ကြိုက်သလိုဆုံးဖြတ်ပါစေ"
အဖွားစကားကြောင့် မရီးက အသံထွက်ကာ ခနဲ့သလိုရယ်သည်။
မရီးနဲ့အဖွား ကိုကိုမသိအောင် တစ်ခုခုဖြစ်ထားကြတာများလား။
"ရှေ့နေကြီး ကွာရှင်းစာချူပ်ထုပ်လိုက်ပါ
ကြည်နူးဘက်က ပြန်စဉ်းစားစရာမရှိဘူး
ကုမ္မဏီကိုသွားရမှာမို့ နောက်ကျလို့မဖြစ်ဘူး"
"ဟုတ်ကဲ့ပါ"
ရှေ့နေကြီးက ကိုကို့ကိုကြည့်တော့ ကိုကိုကသက်ပြင်းချကာ ခေါင်းငြိမ့်ပြသည်။
"သူစိတ်ချမ်းသာသလို လုပ်ပေးလိုက်ပါရှေ့နေကြီး"
မရီးကစာချုပ်မှာ ဦးစွာလက်မှတ်ထိုးပြီး
အဆင်သင့်ပြင်ထားသော အထုပ်အပိုးတွေဆွဲကာ ထွက်သွားသည်။
ခန့်တည်ဧည့်ခန်းကနေ ထလိုက်လာခဲ့တော့ အထုပ်အပိုးတွေကို
ကားပေါ်တင်နေသည်။