Part 23
17.7K 1.7K 62
"ထက်ကောင်းကင် ဖြေလေ မင်းပါးစပ်ကဘာလို့ပိတ်နေတာလဲ"
"ဘာ…ဘာတွေမို့လဲဖေဖေ ကျနော်ဘာပြောရမလဲ"
"မင်းကွာ မိဘမျက်နှာကိုမှမထောက် ယောကျာ်းတစ်ယောက်လုပ်နေပြီး တခြားသူရဲ့သွေးသားကိုမွေးရတယ်လို့ကွာ"
"ဗျာ……မဟုတ်…အဲ့ဒါ……"
ကောင်းကင်စားပွဲပေါ်က စာရွက်တွေကိုယူကြည့်မိသည်။
ဆေးစာရွက်တွေ။သမီးငယ်နဲ့ပတ်သက်တဲ့တော်စပ်မှုတွေ။
ဒေါက်တာခန့်တည်နိုင်တဲ့။
"ဒါ……ဒါတွေက……"
"မင်းပြောလေ မင်းသမီးရဲ့အဖေက အဲ့ဒီဒေါက်တာမဟုတ်ပါဘူးလို့ငြင်းလေ မင်းကိုယ်တိုင်မိန်းမယူခဲ့တာဆို ကောင်းကင်"
"ကျနော်…ကျနော်မသိဘူးဖေဖေ သမီးဒယ်ဒီကိုကျနော်မသိဘူး"
"ဒါဆို ဒီဆေးစစ်ချက်စာရွက်တွေကို
ဒေါ်မိုးမြင့်နိုင်က ဘာလို့လာပေးသွားတာလဲ
မင်းကိုသူတို့အသိုင်းအဝိုင်းမှာပေါ်မလာဖို့
ဘာလို့သတိပေးသွားတာလဲ"
"အ…အဖွားက……အကိုက သမီးဒယ်ဒီလား
မဖြစ်နိုင်တာ……"
"အမှန်ပဲကောင်းကင် ဒေါက်တာခန့်တည်က တူမလေးဒယ်ဒီပဲ"
ထိတ်လန့်နေသည့်ကောင်းကင်မယုံတာသိသော်လည်း
ကြယ်စင်ဝင်ပြောရတော့သည်။
ပြသနာဖြစ်နေပြီဆိုတာသိလို့ တူမလေးကိုသိပ်ထားခဲ့ပြီး
ပြန်ဆင်းလာခဲ့တာ။
"ကြယ်စင် နင်ကဒါတွေဘယ်လိုသိနေတာလဲ
အကိုကရော… ဘာလို့အဲ့ဒီလူလဲ"
"ငါသိတာကြာပြီ မြတ်ဘုန်းကိုမေးထားတာ ဒီကိစ္စဒေါက်တာလဲသိတယ် အခုဒေါ်မိုးမြင့်နိုင်ပါသိနေပြီ"
"ဘာ……ဟင့်အင်း ငါ့သမီးကို အထိခိုက်မခံနိုင်ဘူး
ငါ့သမီးက အကိုနဲ့လဲမဆိုင်ဘူး ငါ့သမီးပဲ ငါပဲမွေးထားတာ.……ဖေဖေ မေမေ ကျနော်တောင်းပန်ပါတယ်
သမီးငယ်ကိုတော့ မမုန်းပါနဲ့နော် ကျနော်ကိုယ်တိုင်ဆုံးဖြတ်ပြီး မွေးခဲ့တာပါ ကျနော်သူများကိုဒုက္ခမပေးချင်လို့ပါ"
"အခုဖြစ်နေတာမင်းဘယ်လိုရှင်းမလဲ ဟမ်
ဒေါ်မိုးမြင့်နိုင်က ယောကျာ်းလေးတစ်ယောက်နဲ့သူ့မြေးကို
ပေးစားနိုင်မယ်ထင်လား မင်းကိုဒီနိုင်ငံကနေ ထွက်သွားခိုင်းဖို့ စရိတ်ပါပေးသွားတာကွ"