Part 32
18.5K 1.6K 27
"ငါတို့သားလေးအတွက် အခုတော့စိတ်အေးရပြီ"
အကိုနဲ့အဖွားက သမီးငယ်ကိုခေါ်ကာ အပြင်ထွက်သွားကြပြီမို့ ကောင်းကင် ဖေဖေနဲ့မေမေကြားဝင်ထိုင်လိုက်သည်။
"ကျနော့်ကို စိတ်မပျက်တဲ့အတွက် ဖေဖေနဲ့မေမေကို ကျေးဇူးတင်ပါတယ် သားတစ်ယောက်တာဝန်မကျေခဲ့ပေမဲ့ အကောင်းဆုံးကျေးဇူးဆပ်ပါ့မယ်"
"သားငယ်ရယ် အဲ့လိုမတွေးပါနဲ့ကွယ်သားငယ်က မေမေတို့အပေါ်တာဝန်ကျေပါတယ် ရှေ့လျှောက် မိသားစုအတွက် ပိုပြီးဂရုစိုက် အဖွားကိုလဲ သားမိဘလိုသဘောထားကြားလား"
"ဟုတ်ကဲ့ပါမေမေ မင်္ဂလာရက်နီးမှ သားတခါလာခဲ့မယ်"
"အေးပါသားငယ် အင်း……လာမဲ့နှစ်ဆို မင်းအမလဲ
အိမ်ထောင်ပြုတော့မယ် အတောင်စုံတော့ ပျံကြပြီပေါ့ကွယ်"
"မမကအဲ့လိုပြောတာလား
မြတ်ဘုန်းကိုမေးမလို့ ကျနော်ကစိတ်ကူးထားတာ"
"အင်း မြတ်ဘုန်းကလဲ မေမေတို့နဲ့သေချာတိုင်ပင်အုံးမယ်တဲ့"
"တခြားသူနဲ့မဟုတ်ဘဲ မြတ်ဘုန်းနဲ့မို့
စိတ်ချရပါတယ် ဖေဖေနဲ့မေမေ မမကိုသီးခံနိုင်တာအဲ့ကောင်ပဲရှိမှာ"
ကောင်းကင်ပြောတော့ ဖေဖေနဲ့မေမေက ပြုံးသွားသည်။
အခန်းထဲကစူပုတ်ပုတ်ထွက်လာသည့် ကြယ်စင်က ကောင်းကင်ကို မျက်စောင်းထိုးသည်။
"ငါ့မကောင်းပဲပြောနေ မင်္ဂလာပွဲမလာဘဲနေလိုက်မှာနော်"
"အဲ့လိုတော့ မလုပ်ပါနဲ့
ငါ့အမလှလှလေးကို ပွဲထုတ်ရမှာ"
"ပြန်မှာဖြင့်ပြန်တော့ အပြင်ကစောင့်နေရတဲ့သူတွေအားနာစရာ"
"ဟုတ်တယ် သားငယ်
သမက်လေးနဲ့အဖွားစောင့်ရတာ အားနာစရာကောင်းတယ် ပြန်တော့"
"ဟုတ် မေမေ……
ဖေဖေဒါဆို ကျနော်သွားတော့မယ်"
"အေး သားငယ်"
ကောင်းကင် မပြန်ခင် မျက်ရည်ဝဲနေသည့် ဖေဖေနဲ့မေမေကိုတွေ့ရသေးသည်။
……………………………………
"မြေးငယ် မနေ့က ကြည်နူးနဲ့မြေးကြီးဆေးရုံကိုလာတယ်မဟုတ်လား"