Part 8
19K 1.9K 65
"ကောင်းကင်ရေ မရိုမသေကွာ
ရုံးခန်းထဲကဒေါက်တာဆီ ကော်ဖီလေးသွားပို့ပေးပါလား
ငါအလုပ်ကိစ္စပေါ်လာလို့"
ဂျာကြီးက ရေးကြီးသုတ်ပြာပြောကာ အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်ကို ကောင်းကင်စားပွဲပေါ်တင်သွားသည်။
ဒေါက်တာခန့်တည်နိုင် ကုမ္မဏီကို သူဋ္ဌေးအစား လာကြည့်ပေးတာ သုံးရက်ရှိပြီမို့ မနက်ခင်းတိုင်း ဂျာကြီးကော်ဖီပို့ပေးတာကို သတိထားမိသည်။
ဒေါက်တာရောက်လာကတည်းက တခါမှ မျက်နှာချင်းမဆိုင်ဖူးသေး။
သူဋ္ဌေးမင်္ဂလာပွဲတုန်းက မိတ်ဆက်ခဲ့တာလဲ အပိုသက်သက်ပဲထင်ပါရဲ့။
ဓာတ်လေးကား အဝင်အထွက်မှာတွေ့တာတောင် စောင်းငဲ့ကြည့်ခြင်းမခံခဲ့ရ။
ကျနော်ကပဲ တမ်းတမိတော့……ကျနော်ပဲ အရူးဖြစ်သွားတယ်ဆိုရမည်။
ပူနွေးနွေးကော်ဖီခွက်ကို သေချာယူကာ ရုံးခန်းစီလာခဲ့သည်။
သူဋ္ဌေးရှိတုန်းကဆို တံခါးခေါက်အသိပေးပြီး ပေါ့ပေါ့ပါးပါးဝင်သွားရဲပေမဲ့ အခုတော့ ရှိန်နေရသည်။
ရုံးခန်းတံခါးကို မဝံ့မရဲခေါက်ကာ~~
"ဒေါက်တာ ကျနော်ကော်ဖီလာပို့တာပါဗျ"
"ဝင်ခဲ့ပါ"
ပုံမှန်အတိုင်းပြောသော အသံသြသြကတောင်မှ ကောင်းကင်ကို
နှလုံးခုန်မြန်စေသည်။
အခန်းထဲဝင်လာခဲ့တော့ စာအုပ်အထူကြီးတစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည့် ဒေါက်တာ့ကိုတွေ့လိုက်သည်။
တစ်ချက်လေးတောင် မော့မကြည့်မလာသည့် ထိုလူသားဟာ
နဂိုပုံစံလေလား။
"ကျနော် ဒီမှာထားခဲ့မယ်ဗျ"
"အင်း"
*ခွမ်း*
"အာ့……"
မဝံ့မရဲငေးမောမိခြင်း၏ အကျိုးဆက်က ကော်ဖီခွက်မှောက်ကျကာ
ခြေထောက်ပေါ်သို့ ဖိတ်စင်သွားခဲ့ခြင်း။
"ဟာ……"
"တောင်းပန်ပါတယ်ဗျ ကျနော်လက်ချော်သွားလို့ပါ
ကျနော်ရှင်းလိုက်ပါ့မယ်ဗျ"
တဗျဗျပြောရင်း ဖန်ခွက်အကွဲတွေ အမြန်သိမ်းနေသူအား
ကြည့်လိုက်မိတော့ မန်နေဂျာမဟုတ်။
ခန့်တည်ကိုယ်တိုင်က အမြင်မတော်လျှင် ကြာ့်မနေတက်တာမို့
ထလာခဲ့ရသည်။