အချစ်စစ် (အပိုင်း၂၀)

4.2K 253 30
                                    

Unicode

ကလေးရယ်ကိုယ့်ကိုစောင့်ပါကလေးဆီကိုယ်အမြန်နှုန်းတင်လာနေပါပြီ.....
ကလေးကိုမထားသွားသလိုကလေးလဲကိုယ့်ကိုထားမသွားရဘူး..
.ကိုယ်လေ...ကလေးကိုသိပ်ချစ်တယ်ကိုယ့်ခံစားချက်တွေကိုလျစ်လျူရှူခဲ့တာဆိုပေမယ့်

ကိုယ်ကလေးကိုသိပ်ချစ်တာပေါ့အရင်ကတည်းကဟိုးအရင်ကတည်းက
...အခုတော့ပိုပြီးသေချာလာခဲ့ပြီ
ကိုယ်ကလေမင်းကိုစတွေ့ကတည်းကကိုချစ်မိနေခဲ့တာ..မင်းရဲ့မြတ်နိုးရတဲ့အပြုံးတွေထဲမှာနစ်မွန်းသွားခဲ့တာ
ဒီတစ်ခါတော့ဒီစကားလုံးတွေကိုမင်းနားမှာငြီးငွေ့အောင်တဖွဖွပြောချင်တာမို့
မင်းကိုကိုယ်ထွက်သွားခွင့်မပေးနိုင်ဝူး"

ရှောင်ကျန့်ဆိုတဲ့လူသားကဝမ်ရိပေါ်ဆိုတဲ့ကိုယ်တစ်ယောက်ထဲအတွက်ဖြစ်တည်လာတာမို့ကိုယ့်ဘေးမှာအမြဲရှိပေးရမယ်..

ဆောင်းရဲ့အေးမြမှုကလည်းတစ်စတစ်စတိုးပွားလာပြီးနှင်းပွင့်လေးတွေကလည်းတဖွဖွကျဆင်းလာတယ်..

ဒီလူသားရဲ့ရင်ထဲမှာတော့နွေးထွေးတဲ့ပိုင်ရှင်လေးရှိနေတာမို့ အေးမြမှုကလည်းတိုးမဝင်နှိင်ပေ..အခုလည်းပိုင်ရှင်ရှိရာအရပ်သို့နှလုံးသားနှင့်ရင်းကာခရီးဆက်တော့မည်..

__________________________________

နှင်းပွင့်လေးတွေကြွေဆင်းနေတာကိုကြည့်ရင်း
အကြောင်းအရင်းမရှိပါပဲနဲ့မေ့မရသောသူအားတမ်းတမိပြန်သည်.

သူ့ကိုယ်သူလည်းစိတ်ကုန်ပါသည်.စိတ်ပိုင်းဖြတ်လိုက်ပြီဆိုပြီးထွက်လာခဲ့ပြီးသော်လည်းထိုသူ့ကိုမမေနိုင်..ပြန်တမ်းတဖို့ပျော်ရွှင်စရာအမှတ်တရအချို့ကိုတောင်မပေးခဲ့သောထိုသူအားဘာကြောင့်ဒီလောက်တောင်ရင်တွေဆူးနင့်နေအောင်ထိချစ်မိခဲ့တာလဲ..

"အကိုလေး ကျန်းမာရေးအတွက်မကောင်းပါဝူးအထဲဝင်နားပါတော့"

"ဟုတ်ပါတယ်သခင်လေးအအေးဓာတ်ကများနေတာမို့အထဲဝင်ပါတော့အအေးမိပါအုန်းမယ်"

ဝရန်တာတွင်ပန်းချီဆဲွနေရင်းဆေးရောင်များကလည်းပန်းရောင်သန်းနေသောထိုသူ့လက်ဖဝါးပေါ်တွင်စွန်းထင်းနေသည်..
နှင်းကျနေပါလျက်နှင့်လည်း နှင်းကျနေပုံကိုပန်းချီကားချပ်ပေါ်တွေမဆဲွထား...

အချစ်စစ်(Yizhan version)Opowieści tętniące życiem. Odkryj je teraz