အချစ်စစ် အပိုင်း(၂၄)

3.5K 217 26
                                    

Unicode

အပေါ်ထပ်တွင်ကြီးကြီးကရှောင်ကျန့်ကိုဆေးတိုက်ပြီးရှောင်ကျန့်အိပ်နေသည်သေချာမှအခန်းပြင်ထွက်လာခဲ့သည်
ထို့နောက်ညနေကသခင်လေးဝမ်ပြောထားတဲ့အတိုင်းအောက်ထပ်ဆင်းကာ စာကြည့်ခန်းထဲသို့ဝင်လာလိုက်သည်
စာကြည့်ခန်းဝင်သည်နှင့်သခင်မဝမ်နှင့်သခင်မရှောင်းရယ်သခင်လေးဝမ်တို့ကိုတွေ့လိုက်ရသည်

"ကြီးကြီးလာပါ"
"ဟုတ်"

အားလုံးရဲ့အာရုံ/အားလုံးရဲ့အကြည့်တွေကကလည်းရိပေါ်ဆီသို့ရောက်နေကြသည်
ရိပေါ်ကနေပြီးစကားစလိုက်ကာ
"ကျနော်ဆုံးဖြတ်ထားလိုက်တာက ကလေးကိုမဖြစ်မနေခွဲစိတ်ဖို့တိုက်တွန်းမယ်လို့ ဟုတ်ပါတယ် ရာခိုင်နှုန်းကမသေချာဘူး ဒါမဲ့ အချိန်တော့ရှိသေးတာမို့ကျနော်ကြိုးစားပါရစေ ကျနော့်ဆန္ဒကကလေးကျန်းမာလာတာမြင်ရဖို့ ကလေးနဲ့အတူအိုမင်းသွားချင်သေးတာမို့ ခွဲစိတ်ဖို့ကိုမဖြစ်မနေပြောချင်တယ် သိတဲ့အတိုင်း ကလေးက ကျနော့်ကိုစိတ်နာနေတယ် ကျနော့်ကိုမုန်းနေတယ် ကျနော်ချည်းကပ်တာနဲ့ အတင်း ငြင်းနေတာမို့ မထိရောက်မှာဆိုးတယ် အဲ့တော့ မေမေတို့တွေက ကျနော့်ကိုမငြင်းအောင်ဘေးကနေမသိမသာဆီလိုက်ကူညီဖို့လေးပါပဲ  ကျေးဇူးပြုပြီး ကလေးကို ခွဲစိတ်အောင်ကြိုးစားခွင့်ပြုပါ"

အားလုံးကခဏတိတ်ဆိတ်နေကြသည်...ထို့နောက်ရှောင်းသခင်မက

"အန်တီ မပြောသင့်ပေမယ့် မေးပါမယ် နောက်ဆုံးအခြေအနေထိတော့ကြိုစဥ်းစားထားတယ်မလား"

ပြောရင်းနှင့်ရှောင်းသခင်မကြီးအသံများတုန်ယင်ကာ
"တကယ်လို့...သားကျန့်လေး.....မ..မအောင်မြင်ရင်ရော...အဲ့အထိမင်းခံနိုင်ရည်ရှိမလား"

"အမှန်တိုင်းပြောရရင် ကျနော်လည်းကြောက်တယ် ရာခိုင်နှုန်းကအရမ်းနည်းတာမို့ ဒါမဲ့ ကျနော်ကလေးရောဂါခံစားနေရတာမမြင်ရက်ဘူး အခွင့်အရေးက၁ရာခိုင်နှုန်း လေးရှိရင်တောင် အဲ့တာလေးကကျနော့်အတွက်မျှော်လင့်ချက်အလင်းရောင်လေးပါပဲ
ကလေးကကျနော့်အတွက်အရာရာမို့ ခံနိုင်ရည်မရှိနိုင်လောက်ဘူး
ဒါမဲ့ ကျနော်အဲ့အခြေအနေထိတွေးပြီးဆုံးဖြတ်ထားတာမို့ ဟုတ် ခံနိုင်ရည်မရှိလည်းရှိရမှာပေါ့"

အချစ်စစ်(Yizhan version)Where stories live. Discover now