အချစ်စစ်(အပိုင်း၁၈)

4.6K 262 22
                                    


Unicode

မိုးတွေသည်းတဲ့အဲ့နေ့ကသူစာအုပ်ကျန်ခဲ့လို့စာကြည့်သွားပြန်ယူတဲ့အချိန်ကောင်လေးတစ်ယောက်နဲ့တိုက်မိခဲ့တယ်

ကောင်လေးကထီးမပါဝူးထင်ပါရဲ့
တကိုယ်လုံးလဲစိုရွဲနေပြီး..သူလည်းထိုကောင်လေးကိုထီးဆောင်းပေးချင်စိတ်ပေါ်လာ၍ထီးကိုသူ့ကိုပါမိုးပေးလိုက်မိတယ်

သူ့ကိုမော့ကြည့်လာတဲ့ထိုမျက်ဝန်းတစ်စုံ ...
မျက်ဝန်းညိုလေးများကအရောင်တောက်ကာ
ဖြူဝင်းတဲ့သူ့အသားအရည်..ပြီးတော့စင်းနေတဲ့နှာတံလေး..နှာတံအောက်ကပန်းရောင်သန်းနေတဲ့နှုတ်ခမ်း..နှုတ်ခမ်းအောက်ကထိုမှည့်နက်...

အကြောင်းပြချက်မရှိသူ့ကိုငေးလာတဲ့ထိုသူ့ကိုပြန်ငေးနေလိုက်သည်..ထိုကောင်လေးမှသတိရကာသူ့ကိုတောင်းပန်လာသည်...

ပြီးတော့ခုနကတိုက်မိတုန်းကကျသွားတဲ့မျက်မှန်တလက်ကိုထိုကောင်လေးကတခြားစာအုပ်တွေကောက်နေတုန်းသူကောက်ယူရင်းစိုရွဲနေသည့်ထိုကောင်လေးကိုအကြောင်းပြချက်တစ်စုံတစ်ရာမရှိပါပဲနဲ့.

"ဘာမှမဖြစ်ပါဝူးမတော်တဆပဲရပါတယ်.....ရော့ဒါမင်းမျက်မှန်မလား..ရေတွေလည်းရွဲနေတာပဲဒီထီးယူသွားလိုက်မလား..."

ဟုမေးလိုက်မိသည်...

ထိုကောင်လေးမှပြုံးလိုက်တော့

သူထပ်ငေးမိပြန်သည်...

"လှလိုက်တာ"

ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့မသုံးနှုန်းသင့်ပေမယ့်သူသုံးနှုန်းမိလိုက်သည်
ယုန်သွားလေးနှင့်ပြုံးကာနှုတ်ခမ်းပါးအောက်ကမှည့်နက်လေးကလည်းထင်းခနဲ....
.
.

.
.ဘက်စကတ်ဘောကွင်းတုန်းကမတော်တဆထပ်ပြီးထိမိတဲ့ထိုကောင်လေးကသူ့အတွက်အရမ်းရင်းရင်းနှီးနှီးကိုမြင်ဖူးနေသလို...

ဒါမဲ့ဘယ်သူများလဲ....

.
.
.ဟွမ်ရမ်ကသူ့ကိုတချိန်လုံးထိုကောင်လေးအကြောင်းသာပြောနေပြီး..ယုန်ပေါက်လေးဆိုပြီးလည်းခေါ်၍...သူထိုကောင်လေးနှင့်တဖြည်ဖြည်းရင်းနှီးလာသည်..လူချင်းတော့မဟုတ်...စိတ်ထဲတွင်ပဲ...
.

အချစ်စစ်(Yizhan version)Where stories live. Discover now