အချစ်စစ်(အပိုင်း၁၀)

4.7K 276 18
                                    


Unicode

ရှောင်ကျန့်ရေမိုးချိုးရင်းအဝတ်လဲကာအပြင်ကိုပြန်ထွက်လာတော့...သူမရှိတော့ပါ...စိတ်ကအတန်တန်မုန်းဖို့စိတ်နာဖို့ပြောနေပေမယ့်လည်း..နှလုံးသားကသူ့အပိုင်ဖြစ်ခဲ့တာကြာခဲ့ပြီမို့..နှလုံးသားကစိတ်ကိုငြင်းဆန်နေသည်......ထိုသူ့နှလုံးသားကိုကျနော်မပိုင်ပါ...သို့သော်သူကတော့ကျနော့်နှလုံးသားနဲ့အရာရာကိုပိုင်ပါသည်...

သူမမျှော်လင့်သင့်မှန်းသိပေမယ့်သူကိုချော့ဖို့သူမျှော်လင့်ခဲ့မိပါသည် ...ယခုလည်းမျှော်လင့်ချက်တိုင်းဖြစ်မလာပါ ...သူတကယ်စွန့်လွှတ်သင့်ပြီလား...အင်း...စွန့်လွှတ်သင့်ပြီမလား...

"ဟက်.... ငါ့ဘဝကြီးကလည်းပျင်းစရာကြီးပါလား.....တော်ပါပြီ....မဖြစ်နိုင်တာမျှော်မှန်းနေရတာပင်ပန်းလှပြီ..ငါလက်လျော့သင့်ပြီပဲလေ.....ငါ့ရောဂါအ​ခြေအနေလဲငါသိပြီးပြီမို့ထားလိုက်တော့မမျှော်မှန်းချင်ဘူး
ငါကိုကို့အတွက်နောက်ဆုံးအနေနဲ့သူ့ဘဝကိုနှောင့်ယှက်မိတာတွေတောင်းပန်တာတွေဒီနေ့သေချာလုပ်ရမှာပေါ့ပြီးတော့ကိုကို့ကိုငါလက်မလွှတ်ခင်သူကြိုက်တဲ့ဟင်းတွေချက်ပေးမယ်...သူ့အဝတ်တွေသေချာစီစဥ်ပေးမယ်....သူ့စိတ်တိုင်းကျ...ဒီအတောအတွင်းလုပ်ပေးပြီးနောက်ဆုံးအနေနဲ့အမှတ်တရတွေတော့ယူသွားခွင့်ပြုနော်ကိုကို...ကျန်တာမတောင်းဆိုတော့ပါဝူးဒီအမှတ်တရလေးတွေပါပဲ..."

"အင်ကိုကိုကြိုက်တဲ့ဟင်းချက်တာစားမကောင်းမှာဆိုးလို့မေမေ့ဆီမှာသွားသင်ရမယ်..မေမေ့ကိုလွမ်းလိုက်တာမေမေနဲ့မတွေ့တာတောင်ကြာပြီကိုကို့ဆီကခွင့်လေးတောင်းပြီးမေမေ့ဆီသွားရမယ်...သူခွင့်မပြုရင်လည်းခွင့်ပြုအောင်တောင်းရမယ်....."

ရှောင်ကျန့်လက်တုန်တုန်ရီရီဖြင့်ရိပေါ်ဆီဖုန်းခေါ်လိုက်သည်...

ရုံးခန်းထဲတွင်ထိုင်ကာဒီတခေါက်ပရော်ဂျက်အတွက်အချက်အလက်ဖိုင်တဲွများကိုစစ်ဆေးနေတုန်း...ရိပေါ်ထံသို့ဖုန်းcallတစ်ခုဝင်လာ၍ကြည့်လိုက်တော့...ထိုကောင်လေး...
ကိုင်သင့်လားမကိုင်သင့်လား...စဥ်းစားပြီးမနက်ကလည်းသူလွန်သွား၍..သူတခုခုတော့ပြန်လုပ်ပေးရမည်လေ....

အချစ်စစ်(Yizhan version)Where stories live. Discover now