အချစ်စစ်အပိုင်း(၁၁)

4.8K 278 25
                                    

Unicode

ရိပေါ်ရှောင်ကျန့်ကိုရိုက်ပြီး...ရေမိုးချိုးကာအဝတ်အစားလဲပြီးရှောင်ကျန့်ကုတင်ပေါ်သို့တက်လိုက်ကာ..ကုတင်နဲ့တဲွချည်ထားတဲ့ကြိုးတွေကဖြည်ပေးလိုက်ပြီး...သူလည်းရှောင်ကျန့်နားတွင်သာအိပ်လိုက်တော့သည်...

မနက်ခင်းကျရောက်လာ၍နေမှအလင်းရောင်ခြည်များသည်ကဆင်းလာကာအခန်းထဲရှိလိုက်ကာကြားနေရာများမှအလုအယှက်တိုးဝင်လာကြသည်..ထိုရောင်ခြည်များသည်ခန့်ညားတည်ကြည်သောကောင်လေးမျက်နှာပြင်ပေါ်သို့ကျီစယ်နေသယောင်ကျရောက်လာကျသည် ...

ရိပေါ်လည်းနိုးလာပြီးမျက်လုံးတွေကိုဖြည်းဖြည်းချင်းဆီဖွင့်ကြည့်မိတော့ထိုကောင်လေး....နူးညံ့ပြီးဖြူဝင်းတဲ့အသားအရည်လေး..အိပ်နေ၍လားမသိမြင်နေရသောမျက်တောင်စင်းလေးများ...ထိုမျက်တောင်များတွေမျက်ရည်စက်ကလေးများကစိုစွတ်နေသည် ...မည်မျှပင်ခံစားနေရသည်မသိ...ပြီးတော့နှုတ်ခမ်းပါးလေးကလည်းပန်းရောင်သန်းလျက်နူးညံ့အိနေမည်မှာသေချာသည်..နှုတ်ခမ်းအောက်ကမှည့်နက်ကလေး...ထိုမှည့်လေးသည်သူ့ကိုအဖမ်းစားနိုင်ဆုံး....အင်း...မှန်ပါသည်

သူဒီကောင်လေးကိုချစ်မိနေသည် ...ဒါမဲ့အမုန်းတရားများကပိုများ၍အချစ်ကိုအနိုင်ယူကာကြီးစိုးနေလေသည့်အတွက်သူလွန်မှန်းလည်းသိပေမယ့်ခေါင်းမာနေမိသည် ....ဒီကောင်လေးကြောင့်သူ့စိတ်တွေကတခါတခါအစိုးမရ....ဒီကောင်လေးကြောင့်သူ့စိတ်တွေက.ဆောက်တည်ရာမရ...သူနှင့်ပတ်သက်လာရင်ဒေါသထွက်လွယ်လာသည်....."မင်းငါ့ကိုဘယ်လိုတွေပြုစားထားလဲကွာ"ဟုဆိုကာရိပေါ်သက်ပြင်းချလိုက်သည်ထိုနောက်လက်စသတ်ရမည့်အလုပ်များရှိ၍လက်စသတ်ရန်အတွက်ထလိုက်တော့သည်... အခန်းထဲမှမထွက်သွားခင်သူ့မျက်နှာအားဘာရယ်မဟုတ်ကြည့်လိုက်မိသည်ပြီးမှ ထွက်သွားကာကိုယ့်အခန်းထဲမှာဘဲရေမိုးချိုးမျက်နှာသစ်အဝတ်အစားလှဲကာအောက်ထပ်ကဖိုင်တဲွယူရန်ဆင်းလာလိုက်သည်...

အောက်ထပ်ရောက်တော့ရေသောက်ရန်ထမင်းစားခန်းဝင်ရာသူ့အတွက်ပြင်ဆင်ထားသောဟင်းများကိုတွေ့တော့သည်....ဟင်းတွေအကုန်လုံးကသူ့အကြိုက်များသာ.....

အချစ်စစ်(Yizhan version)Where stories live. Discover now