အချစ်စစ်(အပိုင်း၂၆)

3.1K 237 19
                                    

Unicode

ထွက်ပေါက်ပျောက်ဆုံးနေတဲ့နှလုံးသားလမ်းကြောင်းကိုမှရွေးချယ်ခဲ့မိတဲ့ဒီတစ်သက်တော့ထွက်ပေါက်ကိုရှာမယ့်အစားသူ့နှလုံးသားလမ်းကြောင်းကိုပဲဦးတည်ပြီးလျှောက်လမ်းလို့ရမလား.....

ရင်းနှီးနေသောကိုယ်သင်းနံံ့လေးကြောင့်ရှောင်ကျန့်နိုးလာမိတယ်တခန်းလုံးမှောင်နေပေမယ့်ကိုယ့်ရှေ့ကလူသားကိုတော့လရဲ့အလင်းဖြာနေမှုကြောင့်လားမသိသေချာကိုမြင်ရပါသည်..

မှိတ်ထားသောသူ့မျက်ဝန်းတွေက အမုန်းတွေနဲ့ကြည့်တဲ့မျက်ဝန်းတွေထက်စာရင်တော့ အေးချမ်းပါသည်.

အမြဲကျနော့်ကိုဆိုအလိုမကျမှုကြောင့်တွန့်ချိုးနေတဲ့မျက်ခုံးများကလည်းအခုတော့ပြေလျော့နေသည်.

သိသိသာသာကိုပိန်ကျသွားသောမျက်နှာကြောင့်ရင်ထဲကတလိမ့်လိမ့်ခံစားလာရပြန်သည်.

သူ့ကိုမုန်းချင်သော်လည်းခေါင်းမာလွန်းတဲ့နှလုံးသားကခွင့်မပြုသည်မှာလည်းခက်လှပါသည်.

ကိုကိုရယ်ကိုကိုအရင်ကျနော့်ကိုဂရုမစိုက်သလိုသာပြန်နေပါကိုကိုကျနော့်ကိုအရင်ကလျစ်လျူရှုသလိုလျစ်လျူရှုပါ

အခုမှလာပြီး အချစ်တွေမပေးပါနဲ့ ကျနော်နောက်ဆံမတင်းချင်ဖူးကိုကို.အခုကျမှပြန်ချစ်ရင်လည်းကိုကိုပဲခံစားရမှာ ကျနော်ဒီလိုကိုကို့ကိုငြင်းနေတယ်ဆိုတာ ကိုကို့အတွက်ပါကိုကိုရယ်ကိုကို့ကအစကတည်းကတစ်ခါမှမပြစ်မတင်ခဲ့ပါဖူး

မုန်းဖို့ပြောနေတောင်မမုန်းနိုင်ခဲ့ပါဖူး အစကတည်းခွင့်လွှတ်ခဲ့ပြီးသားပါ အခုသာခဲွစိတ်ရင်တောင်ရာခိုင်နှုန်းကသိပ်နည်းနေပြီလေကိုကိုရယ်

ကျနော်ကကိုကို့ကိုခွဲပြီးထွက်သွားရမယ့်လူတစ်ယောက်ဖြစ်ရဲ့သားနဲ့ကျနော်ကကိုကို့ဘဝထဲခဏတစ်ဖြုတ်လာတဲ့ဧည့်သည်ဖြစ်ရဲ့သားနဲ့ဒီလိုအချစ်တွေပေးနေရင် ဒီလိုမျိုးသံယောဇဥ်တွေပိုတွယ်လာရင်..
ကျနော်ဘယ်လိုထားခဲ့ရက်မလဲ ကျနော်ဘယ်လိုစိတ်အေးအေးနဲ့ထားခဲ့နိုင်မှာလဲကိုကိုရယ်...

အချစ်စစ်(Yizhan version)Where stories live. Discover now