အချစ်စစ်(အပိုင်း၂၅)

3.3K 251 30
                                    

  Unicode

မူးမိုက်နေတဲ့ခေါင်းကိုလျစ်လျူရှုရင်းမျက်လုံးနှစ်ဖက်ကိုပွင့်ကြည့်လိုက်တော့ကိုယ်နဲ့မရင်းနှီးတဲ့နေရာတစ်ခု

"ငါဘယ်ရောက်နေတာလဲ ငါမနက်စာစားပြီးငါ့အခန်းထဲမှာပဲပြန်မှေးနေတာပါနေရာအနေအထားအရ လေယာဉ်ပေါ်ရောက်နေတာပဲဖြစ်မယ်ငါကဘယ်လိုဖြစ်ပြီးလေယာဉ်ပေါ်ရောက်နေတာလဲ..."

ဟူ၍တွေးနေတုန်းနည်းနည်းရုန်းသွားသည်ကိုသတိထားမိသည့်ရိပေါ်က

"နိုးပြီလား"

ဆိုကာရှောင်ကျန့်ပါးလေးကိုကိုင်ပြီးပြောလိုက်သည်

ရှောင်ကျန့်အသံကြားမှသူရိပေါ်ပခုံးမှာခေါင်းမှီထားတာကိုသိလိုက်ပြီးအလန့်တကြားလက်ကိုပုတ်ပြီးခေါင်းကိုအမြန်ပြန်မတ်လိုက်သည်

"အ"

ဆိုကာရှောင်ကျန့်သူ့ခေါင်းကိုလက်နှင့်ကိုင်ပြီးခေါင်းထိုးကိုက်သွား၍ညည်းလိုက်မိသည်

"ဘယ်လိုဖြစ်လို့ခေါင်းကိုအဲ့လောက်အမြန်မတ်လိုက်ရတာလဲ

ကျစ်

အခုတော့မူးနှောက်သွားပြီမလားဘာလို့ဂရုမစိုက်တာလဲ"

ဆိုကာရိပေါ်ရှောင်ကျန့်ကိုကြည့်ကာပြောလိုက်သည်မရည်ရွယ်ပါပဲနှင့်စိုးရိမ်ဇောနှင့်အသံနည်းနည်းမာသွားသည်.

ရှောင်ကျန့်ရိပေါ်ကိုအကြည့်စူးနှင့်တစ်ချက်ကြည့်ကာတဘက်ကိုမျက်နှာလွဲထားလိုက်သည်

"လာပြီးအသံမာမာနဲ့မပြောနဲ့ ကျွန်တော်ကအကိုပြောတိုင်းခံရအောင်အကိုနဲ့ဆက်ဆံရေးကောင်းနေသူမဟုတ်ဖူး"

"ကိုယ်..."

" လေယာဉ်ပေါ်ရောက်နေတဲ့ကိစ္စကိုအရင်ရှင်း"

"အဲ့တာက..ပေကျင်းကိုသွားပြီးကလေးကိုပြစရာနေရာလေးရှိလို့ ဒီတိုင်းခေါ်ရင်လိုက်မှာမှမဟုတ်တာအဲ့တာကြောင့်.."

"ကြီးကြီးကိုပြောပြီးကျနော့်ကိုဆေးခပ်လိုက်တယ်ပေါ့ ဟက် အကိုက အကျင့်မပြောင်းဖူးနော် အမြဲအကို့သဘောတိုင်း အကို့စိတ်တိုင်းကျကြီးပဲ တခါလောက်ကျနော့်ဘက်ကတွေးဖူးသလား"

အချစ်စစ်(Yizhan version)Where stories live. Discover now