အချစ်စစ်(အပိုင်း၁၃)

4.3K 259 34
                                    

  Unicode

ရိပေါ်လည်း"ဒဏ်ရာအရှိန်"ကြောင့်ဖျားသွားသည်ကိုသိ၍ဒဏ်ရာများကိုဆေးလိမ်းပေးလိုက်သည်...ဆေးလိမ်းနေတော့လည်းအနာကိုဆေးထိလို့လားမသိ..ထိုသူသည်မျက်မှောင်လေးကျုံ့ကျုံးသွားတတ်သည်...ဆေးကိုသေချာဂရုစိုက်လိမ်းပေးပြီးရေချိုးခန်းထဲသို့လက်ဆေးရန်ဝင်လိုက်သည်....ပြန်ထွက်လာတော့အိပ်ပျော်နေသောထိုသူ...

အပူလျော့သွားသော်လည်းအဖျားလုံးဝကျသွားသည်မဟုတ်၍..ဆေးတော့တိုက်ရပေအုန်းမည်..သို့ပေမဲ့ဆေးသောက်ရန်အစာမရှိလျှင်လည်းမဖြစ်တာမို့ ..အစာရှိအောင်ဆန်ပြုတ်ပဲဖြစ်ဖြစ်ဝင်အောင်တိုက်ရမည်..ရှောင်ကျန့်ကိုစောင်သေချာခြုံပေးကာ ရိပေါ်တစ်ယောက်အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့သည်...

ဆင်းလာသောလမ်းတွင်လည်း

"မင်းကိုနာကျင်ရအောင်လုပ်ရတာငါ့ကိုပျော်ရွှင်မှုပေးနိုင်တယ်လို့ထင်ခဲ့ပေမယ့်..တကယ်တမ်းဖြစ်နေတာက..ပျော်ရွှင်မှုမဟုတ်ပဲနဲ့..ရင်ထဲကိုဒဏ်ရာဒဏ်ချက်တွေထိုးသွင်းနေသလိုပါလား...ဒါမဲ့ စိတ်ချပါရှောင်ကျန့်ငါမင်းကိုသိပ်ချစ်နေရင်တောင် ငါဘာငါနာကျင်နေရပါစေ ...ငါ့အချစ်တွေကိုတော့ဘယ်တော့မှမထုတ်ပြဘူး...."

"မင်းကိုငါ့လက်ထဲကလည်းအလွတ်မပေးနိူင်ဘူး..မင်းကငါ့ဘေးမှာပဲနေရမယ်.......မင်းကိုအဆုံးရှုံးမခံချင်ဘူးရှောင်ကျန့် ငါဆုံးရှုံးရတာကိုမကြိုက်ဘူးး
အထူးသဖြင့်မင်းကိုပေါ့"

........................................................

မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်တော့ဝင်ရောက်လာသောအလင်းအချို့ကြောင့်မျက်စိခဏကျိန်းသွား၍ပြန်မှိတ်လိုက်မိသည်...

နောက်တစ်ဖန်ပြန်ကြိုးစားဖွင့်တော့မှ..

ဖြူဖွေးနေသော မျက်နှာကျက်... ဒီမျက်နှာကျက်ကြီးကိုရင်းရင်းနှီးနှီးသိနေသလို ..လဲလျောင်းနေတဲ့မွေ့ယာကြောင့် မနေ့ကလိုကုတင်အောက်မှာမဟုတ်ဆိုတာတော့သိသွားသည်..သူဘယ်လိုများဒီမွေ့ယာပေါ်ဘယ်တုန်းကဘယ်လိုတက်လိုက်မိလဲ...မမှတ်မိတော့ပါ..စဥ်းစားနေရင်းမှနဖူးပေါ်ကစိုစိုစွတ်စွတ်အရာကြောင့်..စမ်းကြည့်မိလိုက်သည်..

အချစ်စစ်(Yizhan version)Where stories live. Discover now