အချစ်စစ် အပိုင်း၂၉

3.2K 204 14
                                    

Unicode

၁လကြာသော်....

အကြာကြီးမှိတ်ထားရတဲ့မျက်လုံးအစုံကိုဖွင့်ဖို့ကြိုးစားတော့ စူးရှသောအလင်းရောင်တို့ကြောင့်ဖွင့်မရနိုင်..
မျက်လုံးအစုံဖွင့်မရ၍ စကားပြောရန်ပြင်လိုက်သော်လည်းခြောက်သွေ့နေသောလည်ချောင်းနှင့်အတူအသံမထွက်လာ
စကားပြောဖို့ကြိုးစားသော်လည်း လည်ချောင်းနာကျင်မှုကြောင့် ရှေ့ဆက်၍ မကြိုးစားနိုင်တော့..
ကိုကို...ဟုတ်တယ်ကိုကို..ကျနော်ကိုကိုလို့မခေါ်နိုင်ခဲ့ဖူး...ခွဲစိတ်မှုအောင်မြင်ခဲ့တာလား ..မအောင်မြင်ခဲ့ဖူးလားလည်းမသိရသေး..အရာအားလုံးဟာမှောင်မည်းလို့နေသည် အသံများဟာလည်းဆိတ်ငြိမ်လို့နေသည်..

တကယ်ပဲသေသွားခဲ့ပြီလား...ဒါမဲ့သေသွားတယ်ဆိုရင်ဘာလို့ မျက်လုံးတွေဖွင့်လို့မရဖြစ်မှာလဲနားမလည်နိုင်တော့..

ရှောင်ကျန့်ထပ်မံကြိုးစား၍ မျက်လုံးများကိုအားယူပြီးဖွင့်လိုက်တော့သည်...မြင်ရသည်က အဖြူရောင်မျက်နှာကျက်..ဘေးနားကလည်း နှလုံးစက်မြည်သံတချို့...
အဲ့ဆို...အဲ့ဆို..ကျနော်အသက်ရှင်သေးတယ်ပေါ့...မသေသေးဖူးပေါ့...ကိုကိုနဲ့အတူရှိလို့ရပြီပေါ့...ဘေးဘီတဝိုက်ဝေ့ကြည့်တော့...ကျိုးချန်နှင့်အတူစောင့်နေသောမေမေကိုမြင်လိုက်ရသည်...
မေမေတို့ကလည်း နှလုံးစက်သံမြည်၍နှင့်တူသည်
ကျနော့်ဆီသို့ပြေးလာပြီးကျိုးချန်ကလည်းဆရာဝန်သွားခေါ်မည်ဆိုကာ မေမေနှင့်ကျနော့်ကိုထားခဲ့သည်..

"သားလေး သား ကျန့်ကျန့်လေ မေမေ့ကိုမြင်လားဟင် မေမေ့ကိုမှတ်မိလားဟင် အမလေး ကံကောင်းထောက်မလို့ပေါ့ မေ့မေ့သားလေးကိုအခုထိအသက်ရှင်လျက်မြင်နေရတာ "

ရှောင်မားမားကလည်းမျက်ရည်များနှင့်တကွ သူ့သားလေးပါးပြင်းကိုဖွဖွကိုင်ကာ ပြောရှာသည်

လည်ချောင်းရဲ့ခြောက်သွေ့မှုနဲ့ အသံပြုရန်ကြိုးစားတိုင်းနာကျင်မှုကြောင့်
"ရေ ရေပေးပါ ...ရေ.."
"ရေလားသားခဏနော်အခုယူလာခဲ့မယ်"
ရေသွားယူပြီးရေသောက်လိုက်မှပဲလည်ချောင်းမှနာကျင်မှုကသိသိသာသာကိုလျော့သွားသည်
မကြာလိုက်ဆရာဝန်နှင့်အတူ ကျိုးချန်လည်းရောက်လာသည်..
.
.
.
." လူနာကအဆင်ပြေပါတယ် ဒါမဲ့တလကျော်ကျော်လောက်တော့ဆေးရုံတတ်ရအုန်းမယ် ပိုပြီး လူနာအတွက်နေကောင်းတာသေချာသွားအောင် "

အချစ်စစ်(Yizhan version)Where stories live. Discover now