အချစ်စစ်(အပိုင်း၁၂)

4.3K 267 34
                                    

Unicode

ရိပေါ်လည်းသူ့အခန်းထဲကကုတင်ပေါ်ထိုင်ရင်းဒေါသတွေအကုန်ခေါင်းအုံးကိုသာပုံအပ်လိုက်တော့သည်...ဒေါသတွေပြေအောင် ရုံးကအလုပ်တွေကိုသာထိုင်ပြီးလုပ်နေလိုက်တော့သည်စာရင်းဇယားများစာရွက်စာတမ်းများကိုစစ်ဆေးပြီးသေချာစီမံနေရင်းအလုပ်ထဲစိတ်နစ်သွား၍အချိန်မည်မျှကုန်သွားမှန်းတော့မသိတော့.....
ဘေးနားကဖုန်းကိုနာရီကြည့်ရန်ဖွင့်လိုက်တော့..

"2:15pm"

တောင်ရှိပြီဖြစ်သည်.နေ့လည်စာကောမနက်စာပါမစားသေး၍ဗိုက်ဆာလာသည်မို့အဆာပြေတစ်ခုခုစားရန်အောက်ထပ်ကိုဆင်းလိုက်သည်.
အောက်ထပ်ဆင်းပြီးမီးဖိုချောင်ခန်းထဲဝင်ကာရေခဲသေတ္တာဖွင့်လိုက်ရင်းကြည့်နေတုန်းမှာပင်အိမ်ရှေ့ကအသံကြား၍ရှေ့ထွက်ကြည့်မိတော့..

"အော်ကြီးကြီးပါလား"

ရှောင်ကျန့်အိမ်မှအထိန်းတော်ကြီးလာတာပင်ဘာလို့လာတာပါလိမ့်...

"သခင်လေးနေကောင်းရဲ့လား"
"ကောင်းပါတယ်ဗျ အန်တီကောမပါဘူးလား"
"မပါပါဘူးသခင်မကြီးကအိမ်မှာပဲကျန်ခဲ့တယ်ခေါင်းမူးနေလို့ဆိုပြီး"
"အော်ဟုတ်လား ရှောင်ကျန့်ကိုခေါ်ပေးရမလားသူအပေါ်ထပ်မှာအိပ်နေလို့"

ဟုတ်မဟုတ်တော့မသေချာပေမယ့်ထင်ရာပြောမိလိုက်သည်...

"မလိုတော့ပါဘူးသခင်မကြီးဆီသခင်လေးအလည်လာတုန်းက "ကိုကိုကြိုက်တဲ့ဟင်းကိုကို့ကိုချက်ကျွေးချင်လို့"ဆိုပြီးချွဲသွားတာကိုသခင်မလေးကသတိရပြီးသခင်လေးကြိုက်မယ်အထင်နဲ့သခင်မကြီးကိုယ်တိုင်ချက်ပေးလိုက်တာတွေလာပေးတာပါ သခင်မကြီးကနောက်တစ်ခါစားချင်ရင်တော့"သားလေးကိုပဲလုပ်ကျွေးခိုင်းတဲ့ သူလေးချက်ကျွေးရင်မေတ္တာတွေစေတနာတွေနဲ့ပိုပြည့်နေလို့ စားမြိန်မှာတဲ့ " လေ"

ဆိုကာစစနောက်နောက်လေးပြောလိုက်သည်

ရိပေါ်မသိမသာထိုစကားကြောင့်ကြည်နူးမိသွားသည် .."ကိုကိုတဲ့လား"ဆိုသည့်နာမ်စားကြောင့်စိတ်တွင်တွေးပြီးအသည်းယားမိတာတော့အမှန်

" အားနာစရာကြီး..ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ်လို့ အန်တီ့ကိုပြောပေးပါအုန်း"

အချစ်စစ်(Yizhan version)Where stories live. Discover now