အချစ်စစ်(အပိုင်း၇)

4.3K 265 12
                                    

Unicode
အမြန်ရှောင်ကျန့်အခန်းထဲဝင်ပြီးကြည့်တော့....ရှောင်ကျန့်ကသူကြိုးနှင့်ချည်ထားတဲ့နေရာတွင်...အားနည်းစွာဖြင့်ကွေးကွေးလေးလှဲနေကာ...ပါးစပ်မှလည်းတခုခုရေရွတ်ရင်း......သတိမေ့ဖို့နည်းနည်းသာလိုတော့သည်မို့တော်သေးသည်....သူအချိန်မှီလိုက်သည်.....

"ဆေး...... ဗီဒို...ထ... ထဲ... မှာ...ဆေး...."
အသက်ကိုလုယူနေရသောရှောင်ကျန့်ကိုမြင်ပြီးသူ့ရင်တွေနာကျင်လာရသည်.....စိတ်လည်းပူလာကာ..ဘာကိုမှမမြင်နိုင်တော့ဘဲ....မာနလည်းဤအချိန်တွင်လုံးဝအရေးမကြီးတော့ပါ....မာန်ထက်အရေးကြီးသည့်အရာအရှေ့တွင်ရှိနေသည်လေ...
အမြန်ပင်ကြိုးဖြည်ပေးကာ

"ရှောင်ကျန့်ခဏနော်...ကိုယ်ယူပေးမယ်အားတင်းထားနော်...ခဏလေးသည်းခံ....."

ရိပေါ်လည်းအမြန်ပင်ထပြီးဗီဒိုကိုဖွင့်နေချိန်
ပထမအဆင့်:မတွေ့ပါ
ဒုတိယအဆင့်:နာရီတို့စာအုပ်တို့သာ
တတိယအဆင့်မှာတော့ဟော...တွေ့ပါပြီသူမမြင်ဖူးသောဆေးပေါင်းသောင်း​ခြောက်ထောင်.....ဘာလို့အဲ့လာက်ဆေးတွေများနေတာလဲ......ဘာတွေလဲ.....ဒါမဲ့ရှောင်ကျန့်ကိုပြန်သတိရကာချက်ချင်းဆေးရှာရင်း... ဆေးများ၍မည်သည့်ဆေးမှန်းမသိသည်နှင့်အကုန်မပြီးရှောင်ကျန့်နားချပေးလိုက်ကာရှောင်ကျန့်ကိုသူ့ရင်ခွင်တွင်မှီစေကာရှောင်ကျန့်.....

"ဘယ် .. ဘယ် ဟာလဲ????ရှောင်ကျန့်"
"အ...စိမ်း....."

ရိပေါ်အမြန်ပင်ဆေးဗူးကိုယူပြီးဆေး၂လုံးလို့အပြင်မှာစာကပ်ထားသည်မြင်သည်နှင့်၂လုံးထုတ်ပြီးရှောင်ကျန့် ကို​ပေးလိုက်သည်ဘေးနားကခုံပေါ်မှာရေခွက်နှင့်ရေရှိနေသည်မို့သာငြင်ငြင်သာသာဘေးနားခဏလေးချကာအမြန်သွားယူပြီးရင်ခွင်ထဲပြန်ထည့်ကာ....

"ရော့ဒီမှာရေပါသောက်လိုက်..."
"......"
ရှောင်ကျန့်လဲသောက်ပြီးမှအသက်ရှူပုံမှန်ပြန်ဖြစ်ပြီးပင်ပန်းသွားကာရင်ခွင်ထဲမှာပင်ခဏလေးနှင့်အိပ်ပျော်သွားသည်

"တော်သေးတာပေါ့ဒါနဲ့အဲ့တာသူဘာဖြစ်တာလဲ......ထားလိုက်....ဒါမဲ့သူ့ဒီလိုပုံမြင်တော့ငါ့ရင်ဘက်ကြီးကအရမ်းနာကျင်တယ်ဘာလို့လဲဆိုတာသိပေမယ့်မဖြစ်သင့်ဘူးလေ....."

အချစ်စစ်(Yizhan version)Where stories live. Discover now