အချစ်စစ်(အပိုင်း၁၇ part1)

4.6K 303 31
                                    

Unicode

"ရှောင်ကျန့်....ဟစ်.....ပြန်လာပါတော့.......ကိုလေတောင်းပန်ပါတယ်လို့....ကလေးရေ....ကိုယ်မင်းကိုသိပ်ချစ်တယ်.....ကိုယ်လေ.. ကိုယ်..တောင်းပန်ပါတယ်မင်းကိုတောင်းပန်ပါတယ်ကိုယ့်အမုန်းတွေကြောင့်ကိုယ်အခုအရမ်းပူလောင်နေပြီကလေးရယ်....ကိုယ်မင်းကိုအချစ်တွေနဲ့ပဲထားပါမယ်... ကိုယ်ကလဲ့စားချေတကြီးကိုလည်းမင်းပြန်လာမယ်ဆိုရင်ရပ်လိုက်မယ်...ကိုယ့်ဆီကိုပြန်လာပါတော့..အခုလိုကြီးတော့သတင်းအစအနတောင်ရှာမရအောင်လုပ်ပြီးကိုယ့်ကိုမထားခဲ့ပါနဲ့.....ကိုယ်နောက်ထပ်မလုပ်တော့ဘူးနော်....ကိုယ့်ကိုနောက်တကြိမ်အခွင့်အရေးပေးပါလား...ဟင်......"

ဧည့်ခန်းကဝင်လျှင်မြင်နေရသောထမင်းစားခန်း၌အရက်ဘူးခံွများကြမ်းပြင်ပေါ်၌ပြန့်ကျဲနေသည်...နောက်ပြီးချောမောပြီးအလွန်ခန့်ညားလွန်းသောဝမ်သခင်လေးမှာယခုတော့..အရက်သမားနဲ့မခြားမနားပင်ဖြစ်နေချေပြီ....

သူထားခဲ့သည်မှာယခုဆိုလျှင်၂ပတ်ဆိုသောအချိန်ကာလတစ်ခုပင်ဖြစ်နေပြီ...

minaလည်း ကိုယ့်အချစ်ဆုံးသူငယ်ချင်းကြီးကိုစိတ်ပူသည်နှင့်ယူပင်းနှင့်အတူလာရာယူပင်းမှာအကြောင်းရှိ၍သူ့အရင်သွားခိုင်းလို့ရိပေါ်တို့အိမ်တယောက်တည်းအရင်ရောက်နှင့်သည်...
အိမ်ထဲဝင်သည်နှင့်မြင်ရကြားရသည်မှာလည်းစိတ်မချမ်းသာပေ..ဝမ်သခင်မကြီးလွှတ်ထားပေးသောအိမ်ဖော်အဒေါ်ကြီးလည်းသူ့ကိုတွေ့သည်နှင့်လာနှုတ်ဆက်ရှာသည်

"သခင်မလေး."
"သူဘယ်အချိန်ကတည်းကသောက်နေတာလဲဒေါ်ဒေါ်"
"မနက်ကတည်းပဲအဒေါ်တို့လည်းသွားမဆဲွရဲသလိုသွားလည်းမရှင်းရဲဝူး သခင်လေးရဲ့ဒေါသကသခင်မလေးတို့သိတဲ့အတိုင်းမို့"
"သမီးသွားပြောလိုက်ပါအုန်းမယ်အဒေါ်တို့အိမ်ရှေ့ကပဲယူပင်းအလာကိုစောင့်လိုက်ပါ"

သူထမင်းစားခန်းဝင်သွားတော့အရက်နံ့များလှိုင်နေကာ...အရက်မည်မျှပင်သောက်ထားသည်မသိပါးစပ်မှလည်းရှောင်ကျန့်နာမည်ကိုတကာမူးရူးနေသောသူ့သူငယ်ချင်း.....

"ရိပေါ်နင်တော်တော့မသောက်နဲ့တော့"
"အော်..minaပါလား..ဟစ်..ငါ့ကလေးသတင်းကြားလားဟင်..သူ့ကိုတွေ့ပြီလား"
ဆိုကာသူ့နားချက်ချင်းယိုင်တိုင်တိုင်ဖြင့်မနည်းအားယူကာလာသောသူ...
​ေခါင်းကိုအသာခါရုံကလဲွပါးစပ်မှလည်းမပြောရက်
"ငါ့ကိုသူထားခဲ့တာအစအနလေးတောင်မထားခဲ့ဝူးဟာ....ငါ့ကိုသူအဲ့လောက်တောင်စိတ်နာနေပြီပေါ့...."

အချစ်စစ်(Yizhan version)Where stories live. Discover now