Zawgyi code
တည်ငြိမ်တဲ့သူ့ကိုကြည့်ပြီးအံ့သြမိတယ်ဒါကျနော့်ကလေးမှမဟုတ်တာ.......
ဒါမဲ့အားတင်းရမှာပဲ"ကလေး ..ကိုယ့်ကို.."
ရိပေါ်စကားပြောလို့မပြီးသေးခင်ပဲထိုသူကဖြတ်ပြောလိုက်ပြန်သည်
"ခွင့်လွှတ်ပါတယ်အဲ့တာပြောဖို့မလားအခုအဖြေလည်းရပြီဆိုတော့ပြန်ပါတော့လိုက်မပို့တော့ဝူး
နောက်ထပ်လည်းထပ်မဆုံစရာအကြောင်းလည်းမရှိတော့ဝူးမို့ပြန်လိုက်ပါတော့"တကယ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောနေတဲ့သူ့ကြောင့်စိုးရိမ်လာသည်ဟန်ဆောင်တာမဟုတ်ဘဲတကယ်စိတ်ကုန်သွားပြီလား...
ဟင်အင့်ဟန်ဆောင်နေတာပဲဖြစ်မှာပါ.ဒီထိတောင်လာခဲ့ပြီမှဒါတွေကိုခံရမှာကြိုတွေးထားသင့်ပြီးသားပဲ ရပါတယ် အဓိကကကလေးခွဲစိတ်အောင်ပြောရမှာပဲ
"မပြန်ဝူးကလေးကိုယ့်ကိုအခွင့်အရေးလေးထပ်ပေးပါ"
"ဘာလို ...ဘာတဲ့....အခွင့်အရေး."
ရှောင်ကျန့်"ဟက်"ခနဲ လှောင်ပြောင်သဖွယ်ရယ်လိုက်သည်
"ကျနော်ပေးခဲ့ပြီးပါပြီတော်တော်လေးကိုပေးခဲ့တယ်ထင်တယ်နော်....အခုတော့အရမ်းနောက်ကျနေပြီဆိုတာ မပြောရင်တောင်သိသင့်တယ်လို့ထင်တယ်"
အခုတော့အေးစက်တဲ့အကြည့်တွေရင့်သီးတဲ့စကားလုံးတွေကကလေးရဲ့နှုတ်ခမ်းဖျားကနေထွက်လာတယ်...
သူပြန်ဝဋ်လည်ခဲ့ပြီ..
ဘယ်လောက်ပဲပြင်ဆင်ခဲ့ပါတယ်ပြောပြော..
တကယ်တမ်းကြုံရတော့
တော်တော်ကိုနာကျင်တာပဲ"ကိုယ်နောက်ကျနေမှန်းလည်းသိတယ်ပြီးတော့ကိုယ်အခုမှပြောတယ်ဆိုပြီးကလေးရယ်မှာပေါ့ဒါမဲ့ကိုယ်ကလေးကိုအရမ်းချစ်တယ်အရင်ကတည်းက ...ခုထိ"
"ဘယ်လိုချစ်တယ်တဲ့လား?..တော်ပါတော့ရပြီပြန်ပါတော့....အဲ့ချစ်တာတွေလည်းမလိုချင်တော့သလိုကြောက်လည်းကြောက်တယ်ပြီးတော့ကွာရှင်းထားတဲ့ကျနော်ကအကိုနဲ့မဆိုင်တော့လို့ကျနော်နဲ့မပတ်သက်ပါနဲ့တော့ပြန်ပါ..."
"ကလေးကိုယ်တောင်းပန်ပါတယ်...အရာအားလုံးအတွက်တောင်းပန်ပါတယ်ကိုယ့်ရဲ့တဖက်သက်အမြင်တွေကြောင့်.."
YOU ARE READING
အချစ်စစ်(Yizhan version)
Fanfiction"ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာမပါတဲ့ကံတရားကြီးကိုပဲအပြစ်တင်ပါ့မယ်" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာမပါတဲ့ကံတရားကြီးကိုပဲအပြစ်တင်ပါ့မယ်" :Xz