အချစ်စစ်(အပိုင်း၁၆)

4.7K 287 35
                                    

Unicode

မနေ့ညကအရက်သောက်တာနည်းနည်းများသွား၍ဤကနေ့တော့နေ့လည်ခင်းလောက်မှသာရိပေါ်နိုးလာသည် ...

"အာ..ကျွတ်ကျွတ်....ခေါင်းတွေထိုးကိုက်နေတာပဲ....."

ဆိုကာမျက်ကြောရိုးကိုလက်နှစ်ချောင်းနှင့်အသာဖိရင်းဆိုသည်...

နောက်မှမနေ့ညကအဖြစ်အပျက်များထဲမှတပိုင်းတစကိုမှတ်မိသွားကာ...

"..ရှောင်ကျန့်..ဟုတ်သားပဲရှောင်ကျန့်"

ဆိုကာဘေးဘီကိုမျက်လုံးဖြင့်ဝိုက်ကြည့်လိုက်တော့ထိုသူမရှိ

မနေ့က"ထွက်သွားပေးမယ်"ဟုပြောသောစကားကိုပြန်မှတ်မိသွာတော့

ရင်တွေပူလာကာစိုးရိမ်စိတ်များတဖွားဖွားပေါ်လာသည်မို့ချက်ချင်းထကာရှောင်ကျန့်ကိုအော်ခေါ်ရင်းရှာတော့သည်....

"ရှောင်ကျန့်...ငါခေါ်နေတယ်လေ...ရှောင်ကျန့်!!...ငါခေါ်ရင်ထူးမှကြိုက်တာနော်...ရှောင်ကျန့်"

ရေချိုးခန်းတံခါးကိုဖွင့်ကြည့်လည်းမရှိရှောင်ကျန့်အခန်းကိုဖွင့်ကြည့်လဲမရှိ..တဖြည်းဖြည်းစိတ်များကယောင်​ြေခာက်ခြားဖြစ်လာကာအောက်ထပ်ပြေးဆင်းရင်းရှာကြည့်တော့လည်းမရှိ.အောက်ထပ်အနှံ့ခြံပြင်မှာရောမတွေ့၍..
နောက်တဖန်ရှောင်ကျန့်အခန်းထဲသို့ဝင်ကာဝံရန်တာကိုထွက်ကြည့်တော့လည်းမတွေ့ပါ..

ကုတင်ပေါ်ထိုင်ချလိုက်ရင်းအခန်းကိုဝေ့ဝိုက်ကြည့်လိုက်တော့ဘေးနားကခုံပေါ်၌စာရွက်တစ်ရွက်နှင့်စာအိတ်အပြင်လက်စွပ်တစ်ကွင်းကိုပါအတူတွေ့လိုက်ရသည်..
ရိပေါ်စာရွက်ကိုအမြန်သွားကြည့်တော့
"ကွာရှင်းစာချုပ်"
ရိပေါ်လက်များတုန်တုန်ယင်ယင်ဖြင့်စာအိတ်ကိုဖွင့်ကြည့်လိုက်ရင်းဘေးနားကလက်စွပ်ကွင်းကိုတိုက်မိကာပြုတ်ကျသွားသည်

"ခလွမ်"

ရိပေါ်ပြုတ်ကျသွားသောလက်စွပ်ကိုမကောက်မိဘဲစာအိတ်ကိုသာဖွင့်ရင်းဖတ်လိုက်သည်

စာထဲ၌

"အကို့ကိုနာကျင်ခဲ့ရတယ်ဆိုပြီးအကိုကကျနော့်ကိုမုန်းမှာပေါ့နော်လူတိုင်းကတော့အချစ်ကြောင့်အမှားလုပ်မိမှာပဲလေကျနော့်အမှားဆိုတာကလည်းအကို့ကိုကျနော်ပိုင်ဆိုင်ချင်မိတာလေးကြောင့်လက်ထပ်မိခဲ့တာတစ်ခုထဲပါအကို
ဒါမဲ့အကို့ စကားတွေကရင့်သီးလွန်းတယ်ကျနော့်နှလုံးသားကလည်းခံနိုင်ရည်မရှိတော့ဝူး .....အဲ့တော့ကျနော့်အကိုကို မုန်းသလို
ကျနော်လည်းအကို့ကိုစိတ်သိပ်နာချင်တယ်မုန်းချင်တယ်ဒါမဲ့ကျနော့်နှလုံးသားကမုန်းခွင့်မပေးဝူး ...
.
.
အကိုကျန်းမာရေးဂရုစိုက်ပြီးပျော်ရွှင်စွာနေရစ်ပါအကို့ရဲ့အချိန်တွေကိုလည်းကျနော်မဖြုန်းတီးတော့ပါဝူး
အကိုချစ်တဲ့သူနဲ့အကိုပျော်ပါစေလို့လည်းဆုတောင်းပေးခဲ့တယ်နော်..
ပြီးတော့ကျနော်မပြောလည်းအကိုသိပြီးသားဖြစ်မှာပါကျနော်အကို့ကိုချစ်နေတယ်ဆိုတာကိုအဲ့တော့နောက်ဆုံးအနေနဲ့လူချင်းတော့ပြောဖို့မဖြစ်နိုင်တော့လို့စာလေးနဲ့ပဲပြောခွင့်ပြုပါနော်

အချစ်စစ်(Yizhan version)Where stories live. Discover now