အချစ်စစ်(အပိုင်း၂၈)

3.1K 212 36
                                    

  Unicode

အချစ်ဆိုတဲ့သံသရာထဲမှာလည်ပတ်နေသ၍တော့ဝေဒနာတွေကိုလည်းမမူနိုင်ပဲ
မြတ်နိုးရသူကသာအရာအားလုံးကိုစိုးမိုးနေတာပါပဲလား

ရှောင်ကျန့်နဲ့ရိပေါ်နှစ်ယောက်လုံးအိမ်ရောက်တော့လူကြီးတွေကိုပါအကြောင်းကြားလိုက်ကြသည် ဆရာဝန်ကိုလည်းတိုင်ပင်လိုက်ပြီးမနက်ဖြန်ဆေးရုံသွားဖို့စီစဥ်လိုက်ကြသည်
အခုတော့ခြံထဲမှာရှောင်းကျန့်ကကျိုးချန်နဲ့စကားပြောချင်တယ်ဆိုလို့အကုန်လုံးရှောင်ပေးလိုက်ပြီးရိပေါ်လည်းအလုပ်ကိစ္စတွေပစ်ထားတာကြာပြီမို့ယွီပင်းနှင့်အတူလိုအပ်တာတွေကိုတခါတည်းပြင်ဆင်နေကြသည်

"ငါမရှိချိန်companyမှာအရာအားလုံးအဆင်ပြေရဲ့လား"
"ပြေပါတယ် အကုန်အိုကေတယ်"
"အင်းကျေးဇူးမင်းရှိလို့သာပေါ့"
ဆိုကာယွီပင်းလက်မောင်းကိုပုတ်ရင်းပြောလိုက်သည်

"ဒါနဲ့လေ"
"အင်း"
"ရှောင်ကျန့်ခွဲစိတ်တာနဲ့ပတ်သက်ပြီးမေးလို့ရမလား"
ရိပေါ်မျက်နှာခဏတော့ပျက်သွားပြီး
"မေး"
"သူ ...ခွဲစိတ်တာအောင်မြင်ရင်လုံးဝလူကောင်းတစ်ယောက်လိုနေနိုင်မှာလား"
"အဲ့တာတော့ငါလည်းမသိဘူး "
ရိပေါ်သက်ပြင်းချလိုက်ကာ
"အဲ့လိုလူကောင်းတယောက်လိုနေနိုင်ပါစေလို့ပဲဆုတောင်းရမှာပေါ့ "
"ပြီးတော့ငါထက်မေးချင်တာက .."
"တော်ကြရအောင် အရာအားလုံးအဆင်ပြေမယ်လို့ပဲငါမှတ်ယူချင်တယ် မဟုတ်သေးဖူး အရာအားလုံး အဆင်ပြေကိုပြေမှာ မပြေရင်ပြေဖို့ငါ့အသက်ပေးရမယ်ဆိုရင်လည်းလုပ်မယ် "
"စိတ်လျော့ပါမင်းပြောသလိုအကုန်အဆင်ပြေမှာပါလေ"
ဆိုကာရိပေါ်ပခုံးကိုလက်နှင့်အနည်းငယ်ဆုပ်လိုက်ရင်းယွီပင်းပြုံးပြလိုက်သည်
"..အင်း.."
.
.
.
.
.
.
.
လေပြေလေညင်းလေးတွေကလာကျီစယ်နေရင်း
ကျနော့်ကိုစကားလာပြောနေသလို
မျက်နှာပြင်ပေါ်ကျရောက်လေတဲ့လေပြေလေညင်းဟာခန္ဓာကိုယ်ထဲထိစိမ့်ဝင်ရင်းအေးမြမှုတွေကလည်းတလိမ့်လိမ့်

အစိမ်းရောင်မြက်ခင်းပြင်လေးဟာလည်းစိမ်းလန်းစိုပြည်နေပြီးနှင်းဆီဝါလေးတွေဟာလည်းလှလှပပပွင့်လန်းလျက်
သဘာဝပတ်ဝန်းကျင်ဟာလည်းသိပ်ကိုမက်မောစရာကောင်းအောင်လှပလွန်းသည်
အချစ်ဆိုသည့်အရာမှာလည်းမက်မောရင်မက်မောသလောက်နာကျင်ရရင်တောင်
သူ့အတွက်ဆိုနာကျင်မှုတွေဟာလည်းပျော်ရွှင်မှုဖြစ်လာနိုင်သည်
အချစ်ကထိုသို့ဆန်းကြယ်သည့်အရာပင်
ကျိုးချန်ကလည်းဘေးကနေဒန်းစီးရင်းစကားစရင်ကောင်းမလားမပြောရင်ကောင်းမလားအတွေးနယ်ချဲ့လျက်
ကျနော်ကလည်းရတဲ့ငြိမ်သက်မှုလေးကိုသဘာဝအရသာကိုအပြည့်အဝခံစားရင်း
ကျနော်တို့ကြားငြိမ်သက်နေကြသည်
နောက်ဆုံးတော့လည်းကျိုးချန်ကစကားစဖို့ဆုံးဖြတ်လိုက်ပြီထင်ထွက်လာသောအသံတစ်ချို့
"ရှောင်ကျန့်"
ကျနော်လည်းပြုံးရင်းသူ့ဘက်လှည့်ကာ
"အင်း"
"မင်းဆုံးဖြတ်ချက်မှန်ပါတယ်"
ဆိုကာမျက်ရည်စများနှင့်ပြောဆိုလာသည့်သူငယ်နှာမစင်သေးသောကျနော့်သူငယ်ချင်း
"မှန်တယ်ဆိုပြီးဘာလို့မျက်ရည်ဝဲနေတာတုန် ချန်လေးမင်းကအဆန်းပါလား "
"ငါလေမင်းကိုအကောင်းဆုံးဆရာဝန်စုံစမ်းပေးထားပြီးပြီ မင်းခွဲစိတ်ပြီးရင်ငါတို့ဆီပြန်လာနိုင်မှာကွ မင်းနဲ့အကြာကြီးကိုဆက်နေသွားပြီးတော့မင်းကိုငါ့ကိုကိုနဲ့ငါ့လက်ထပ်ပွဲကိုဖိတ်အုန်းမှာ
ပွဲတက်ပေးရမှာနော်မတက်ပေးနိုင်ရင်ငါစိတ်ဆိုးမှာ"
"စိတ်ဆိုးချင်ဆိုးပေါ့ အချော့ခံချင်မင်းရည်းစားဆီသွား ဒါနဲ့အမယ် ကိုကိုတွေနဲ့ပါလား"
"မင်းလည်းကိုကိုခေါ်တာပဲ.."
ကျိုးချန်စကားဆက်မပြောပဲရပ်သွားပြီးငြိမ်သက်သွားပြန်သည်

အချစ်စစ်(Yizhan version)Where stories live. Discover now